19. First Meeting With In-Laws

7.1K 1.3K 202
                                    

၁၉. တစ်ဖက်မိသားစုနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း။

ခွေးဖြူလေးက သူ့အပေါ် စိတ်အစာမကြေဖြစ်နေမှန်း လင်းရုန် နောက်တစ်ရက်မှ သိတယ်။

ခွေး‌ပေါက်က တစ်နေကုန် တစ်နေခမ်း ထောင့်နားမှာပဲ ပုန်းပြီးနေတဲ့အပြင် အမြီးလည်းမယမ်းဘူး။ သူ့လက်ဖဝါးတွေနဲ့ ကြမ်းပြင်ကိုချည်း ပွတ်လို့နေတယ်။

သူ့နားတစ်ဝိုက်လေထုက တစ်ခုခုကို ခါးခါးသီးသီးဖြစ်တဲ့ပုံစံမျိုး။ လင်းရုန်ကို ကြည့်လာတော့လည်း အပြစ်တင်စွပ်စွဲ‌ချင်တဲ့ အကြည့်မျိုးနဲ့။ သူ ခွေးလေးပေါ် ဘာခွင့်မလွှတ်နိုင်စရာအပြစ်များ လုပ်ခဲ့ပါလိမ့်လို့ လင်းရုန် ပြန်ဆင်ခြင်တယ်။

လင်းရုန် : "..????...."

ဒါပေမဲ့ အဖြေရှာမရတာမို့ လုပ်စရာရှိတာပဲ အရင်လုပ်လိုက်‌တော့တယ်။

နင်ယန် သူ့ကိုယ်သူ ၀င့်ကြွားဂုဏ်ယူလေ့ရှိတာက သူ့မျက်နှာအချိုးအစားဟာ ဘယ်ရှုထောင့်က ရိုက်ရိုက် စကရင်ပေါ်မှာ ကြည့်ကောင်းတာကိုပဲ။

တစ်ခါတစ်လေကျရင် သူ့ပုံသူ နေ့တစ်၀က်လောက် ထိုင်ပြီးသဘောကျတဲ့အချိန်တွေတောင် ရှိတယ်။ ပြီးတော့ သူကိုယ်၌ကလည်း ကိုယ့်ကိုယ်ကို နဖူးကနေ ခြေဖျားထိ ပြည့်စုံချောမောတဲ့ လူတစ်ယောက်ရယ်လို့ ယုံကြည်တယ်။ သူက သူ့ပရိသတ်တွေ အမွှမ်းတင်ကြသလို စင်စစ် 'မင်းသားတစ်ပါး' ပဲ!

ဒါပေမဲ့ အခုတော့... လင်းရုန်က နံရံပေါ်က ပိုစတာအဟောင်းတစ်ပုံကို ဂရုတစိုက်ခွာချပြီး ပိုစတာအသစ်ကပ်တာကို တွေ့လိုက်ရတယ်။ ပြီးတော့ အဲ့ကောင်က ပိုစတာအဟောင်းကို သူ့လက်ထဲမှာကိုင်ပြီး အတန်ကြာတဲ့အထိ နင့်နင့်နဲနဲကြည့်တယ်။

နင်ယန် : "....."

အာာာာာာာာာာာာ ! ! ! သူ ဒေါသထွက်လွန်းလို့ အာခြစ်ပြီး အော်မိတော့မယ် ! !

ပိုစတာအသစ်ပေါ်က သူ့အပြုံးကြီးက အကျည်းတန်ချက် !

ခွေး‌ဖြူလေးက ပြေးထွက်ပြီး ပိုစတာပေါ်ကို သူ့လက်နဲ့ တဖျတ်ဖျတ်ရိုက်တယ်။ ဒါပေမဲ့လို့ သူဘာမှမလုပ်နိုင်ခင်မှာပဲ ရုတ်တရက် လည်ကုပ်ကနေ ဆွဲမ,ခံလိုက်ရတယ်။ လင်းရုန်က အပြစ်ဆိုတယ်။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now