35. Drunk Dreams

6.8K 1.2K 228
                                    

၃၅. မူးပြီးမက်တဲ့ အိပ်မက်တွေ။

ဒီအခိုက်မှာ ဧည့်ခန်းက အပ်ကျသံတောင် ကြားရမတတ် အလွန်တရာမှ တိတ်ဆိတ်သွားတယ်။

အခုမြင်ကွင်းကို တစ်ယောက်ယောက်က ပုံဖော်ပြရမယ်ဆိုရင်_

ဆိုဖာပေါ်မှာ၊ ညစာစားကတည်းက အကျီကြယ်သီးတစ်လုံး ဖြုတ်ထားတဲ့လူဟာ ခြေပစ်လက်ပစ်အိပ်နေတာမို့ ကော်လံက လျော့တိလျော့ရဲဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ သူ့ညပ်ရိုးကို လှစ်ဟလို့ထားတယ်။ ဆံနွယ်နက်နက်တွေက ပွယောင်းနေပြီး သူ့ပုံစံတစ်ခုလုံးက ကပိုကရိုနဲ့ လှနေတယ်။

သူ့ကိုယ်ပေါ်မှာတော့ ကြမ်းပြင်ကိုခြေချဖို့ အခွင့်အရေးမရလိုက်သူ လူရွယ်တစ်ယောက် ထပ်လျက်ရှိပြီး၊ အနှီလူရွယ်ရဲ့ပိန်ပါးသေးသွယ်တဲ့ကိုယ်ပေါ်မှာ အ၀တ်တစ်စတောင် မရှိ၊ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်လို့နေတယ်။ ‌‌ဖြူဖျော့ဖျော့အသားအရည်နဲ့လူရွယ်က မျက်စိမျက်နှာပျက်ပြီး ထိတ်လန့်တုန်လှုပ်နေလေရဲ့။

သူတို့နှစ်ယောက်သာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်မနေကြရင် ဒီမြင်ကွင်းက ရှင်းပြရခက်လောက်တယ်။

နင်ယန် သေတော့မလိုပဲ !

ပါးစပ်အဟောင်းသားနဲ့ သူ တက်ထိုင်ထားတဲ့လူကို ဆွံ့ဆွံ့အအကြီး ကြည့်‌နေမိတယ်။

တစ်ဖက်လူကလည်း သူ့ကိုမျက်တောင်မခတ်ဘဲ ကြည့်တယ်။

နင်ယန် : "........."

သူ အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။ သူ့မျက်နှာပေါ်ကနေ ချွေး‌စေးတွေ တတောက်တောက်ကျလာတယ်။

ချီးပဲ.. ဘာလုပ်ရမလဲ ? ဘာတွေဖြစ်နေတာလဲ ? သူ အခု ဘာလုပ်ရမလဲဆိုတာ တစ်ယောက်ယောက် ပြောပြပေးပါလား ?

ဇာတ်လမ်းလှည့်ကွက်က အတော်လေး ဆန်းပြားလွန်းတော့ နင်ယန် ဟန်ကိုယ့်ဖို့ နေနိုင်အောင် ကြိုးစားရင်း အသက်ရှူရပ်ပြီး သေတော့မှာပဲ။ အဲ့ခဏ တစ်ဖက်လူက မျက်တောင်ခတ်လာတယ်။ သူ့အကြည့်တွေဟာ သူဘယ်လောက် အရက်မူးကြောင်း ဖော်ပြနေတယ်။

တိုးဖျော့ဖျော့နဲ့ ဆိုတယ် : " အိပ်မက်,မက်နေတာလား ? ယန်ယန်..."

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now