Extra 2: Wonderful Treasure (2)

4.6K 757 49
                                    

အချပ်ပို ၂. အံ့ဖွယ်ရတနာ (၂)။

များမကြာမှီမှာ ကျန်တဲ့အစီအစဉ်တင်ဆက်သူ သုံးယောက်လည်း သူတို့ 'ရေသူမ' ကိုယ်စီ ရသွားကြတယ်။

ကံကောင်းထောက်မစွာနဲ့ ၀န်ထမ်းတွေက ဆေးမထိုးခဲ့ကြပါဘူး။ ကျန်တဲ့သုံးယောက်မှာ တစ်ယောက်က သူ့မိန်းမနဲ့ ကျပြီး၊ နောက်နှစ်ယောက်က တက်သစ်စ နာမည်ကြီး အမျိုးသားနှစ်ယောက်နဲ့ ကျသွားတယ်။

နာမည်ကြီးအမျိုးသား နှစ်ယောက်ဟာ ခရုခွံရင်အုံနဲ့ ငါးအမြီး၀တ်စုံ ၀တ်ရတဲ့အတွက် အတော်လေး ရှက်နေကြပေမဲ့ သူ့တွဲဖက်ကို ပြုံးပြုံးကြီး ဖက်ပြီး လမ်းလျှောက်နေရတဲ့ ရုပ်ရှင်မင်းသား‌ကို တွေ့တော့ သူတို့တွေ ချောင်းအသာဟန့်ပြီး တည်တံ့လိုက်ကြတယ်။

" ဒီလို ပုံဆိုးပန်းဆိုး တီဗီရှိုးမျိုး ပရိတ်သတ်တွေ မြင်ဖူးကြမှာ မဟုတ်ဘူး"

အစီအစဉ်တင်ဆက်သူ တစ်ယောက်က ခေါင်းရမ်းရင်း လှောင်သလို ပြောတယ်။

" ဟေး၊ ဒါကြီးကတော့ မဟုတ်သေးဘူးနော်။ ကျွန်တော့် ဘယ်နားက ပုံဆိုးပန်းဆိုး ဖြစ်နေလို့လဲ ? "

သူ့တွဲဖက်ဖြစ်တဲ့ နာမည်ကြီးအမျိုးသားနှစ်ယောက်ထဲက တစ်ယောက်က အစီအစဉ်တင်ဆက်သူကို ထုနှက်ရင်း အသံစူးစူးနဲ့ အထွန့်တက်ချင်ယောင်ဆောင်တယ်။

အစီအစဉ်တင်ဆက်သူက နေရာမှာတင် တောင့်ခဲပြီး တုန်တက်သလို လုပ်ပြတယ်။ လူတိုင်း ရယ်ပွဲကျကုန်တယ်။

ဒီအပိုင်းအတွက် အဓိကတာ၀န်က ရေသူမတွေကို စောင့်ရှောက်ဖို့ပါ။ 'အငယ်လေးကို ပျိုးထောင်ပါ' ဆိုတဲ့ ပုံစံမျိုးပါပဲ။

ဒါရိုက်တာကြီးက ပထမဆုံးမစ်ရှင်ကို ဖတ်ပြတယ် : " သင့်ရေသူမက ရေဆာနေပြီဖြစ်တဲ့အတွက် သောက်စရာ သွားရှာပေးရပါမယ်။ အားလုံးပဲ၊ ကျွန်းလည်ခေါင်က တောအုပ်ထဲကို သွားကြပါ "

" မှတ်ချက် : အခုချိန်မှာ သင့်ရေသူမက လမ်းမလျှောက်နိုင်တဲ့အတွက် စောင့်ရှောက်သူတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် စီစဉ်ကြပါ "

လူခြောက်ယောက် : ? ? ?

ရေသူမခြောက်ယောက်က ပင်လယ်ထဲက ထွက်လာတုန်းက အကောင်း။ ရုတ်တရက်ကြီး ခြောက်ယောက်စလုံး မြေပေါ်လှဲချပြီး နာနာကျင်ကျင် မြည်တမ်းတယ်။ မသိရင် ဒီအပိုင်းက သူတို့ သရုပ်ဆောင်လုပ်ငန်းရဲ့ အဓိကအကျဆုံး အခန်းတစ်ခုလိုပဲ။ 

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now