42. A Touch of Red Everywhere (Z)

996 206 15
                                    

၄၂. နေရာတိုင်းမှာ အနီတစ်တို့စီ။

'ကျန်းအန်း' မှာ တွေ့ပြီးကတည်းက လင်းရုန် တကယ့်ယန်ယန်နဲ့ တစ်စ၊ တစ်စ ပိုရင်းနှီးလာတယ်လို့ ခံစားရတယ်။

တကယ့်ယန်ယန်က ကြောင်တောင်တောင်နိုင်ပြီး မကြာခဏဆိုသလို ဉာဏ်နီဉာဏ်နက်လည်း ထုတ်တတ်တယ်။ အဲ့လိုမဖြစ်အောင် ကြိုးစားထိန်းပြီး နေပေမဲ့ မချုပ်တည်းနိုင်တဲ့ သူ့ပုံလေးက ချစ်ဖို့ကောင်းလွန်းတယ်။

ယန်ယန်က မာနကြီးသလို စိတ်ထဲမပါတဲ့ စကားတွေလည်း ပြောတတ်သေးတယ်။ စေ့စပ်ပွဲတုန်းကလို ယန်ယန် သူ့ကိုစနမ်းဖို့ ဆိုတာကတော့ ယန်ယန် နောက်တစ်ခေါက် အရက်မူးမှပဲ ဖြစ်နိုင်တော့မယ်နဲ့ တူပါတယ်။

ဒါကြောင့် တစ်ဖက်ကောင်လေးက တံခါးဖွင့်ဖွင့်ချင်း သူ့ကို သိမ်းကြုံးဖက်ပြီး တိုးဝှေ့လိမ့်မယ်လို့ လင်းရုန် လုံးဝ မထင်ထားခဲ့ဘူး။

သူ အံ့ဩသွားသလို သူ့နှလုံးသားလည်း ‌ပျော့ပြောင်းသွားရတယ်။

" ယန်ယန် "

သူ အက်ရှရှ ခေါ်တယ်။ နင်ယန်ကို ပြန်ဖက်ပြီး ခေါင်းငုံ့လိုက်တယ်။

တကယ်တော့ နင်ယန် အရှေ့ကို ပစ်ဝင်လိုက်တဲ့ အချိန်တုန်းက နည်းနည်းလေး ရင်ထိတ်သွားသေးတယ်။ အရမ်းများ စည်းကျော်သွားပြီလားလို့ စိုးရွံ့မိပေမဲ့ သူ မထိန်းချုပ်နိုင်ဘူး။ နမ်းတောင် နမ်းပြီးပြီပဲ၊ ဖက်တာလေးများ ဘာကြောက်စရာရှိလဲ !

သူ့ကိုဖက်နေရင်း တစ်ဖက်လူ ‌ခေါင်းငုံ့လာတာ ‌မြင်တော့ အဲ့ဒီမျက်ဝန်းနက်တွေထဲက ခံစားချက်ကြောင့် လင်းရုန် ဘာလုပ်ချင်မှန်း သူ ချက်ချင်း သဘောပေါက်သွားတယ်။ ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကို အနည်းငယ်ဆုတ်ပြီး မျက်လုံးမှိတ်လိုက်တယ်။

လင်းရုန်က ပြုံးတယ်။ ခေါင်းငဲ့ပြီး တစ်ဖက်ကောင်လေးကို နမ်းတယ်။

ဒီအနမ်းက ချယ်ရီသီးစားတုန်းကလို အနမ်းမျိုး မဟုတ်သလို၊ နင်ယန် လင်းရုန်ရဲ့နှုတ်ခမ်းပေါ်  ရွှတ်ကနဲဖိကပ်ခဲ့တဲ့ အနမ်းမျိုးလည်း မဟုတ်ဘူး။ ဘုရားစူး နက်နက်ရှိုင်းရှိုင်း အနမ်းမျိုးဖြစ်တယ်။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now