45. A Daytime Soap Opera

6.6K 1.2K 180
                                    

၄၅. နေ့ခင်းဇာတ်လမ်းတွဲတစ်ပုဒ်။

နင်ယန် ဖုန်းပြန်မခေါ်ရဲတော့ဘူး။ အခုနေ C မြို့တော်က သူ့မိဘတွေ ဘယ်လောက်တောင် သတ်ပုတ်နေကြမယ် မသိ။ တဆတ်ဆတ်တုန်တာ ရပ်တော့ နင်ယွဲ့ကို အမြန် ဖုန်းခေါ်သင့်ကြောင်း လင်းရုန်ကို ညွှန်တယ် !

လင်းရုန်က ဖုန်းခေါ်ပေးပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြတယ်။ နင်ယွဲ့ တအောင့်လောက် ငြိမ်ကျသွားတယ်။ နားလည်ကြောင်း ပြောပြီး သက်ပြင်းချတယ်။

" မနက်ဖြန် မင်းကိုယ်မင်း ပြင်ဆင်ထားပေတော့"

လင်းရုန် : ".........."

ဖုန်းပြောပြီးသွားတော့ ခွေးပေါက်လေးက ရင်တုန်ပန်းတုန်နဲ့ သူ့လက်မောင်းကို ဖက်တွယ်ပြီး မော့ကြည့်လာတယ်။ သူ့မျက်နှာထားက နင်ယွဲ့ ဘာပြောလိုက်လဲ သိချင်ပုံရတယ်။

လင်းရုန် ခွေးပေါက်လေးခေါင်းကို ပွတ်ပြီး ညင်ညင်သာသာ ဆိုတယ်။

" အကိုကြီးပြောတာ အဆင်ပြေတယ်တဲ့။ စိတ်မပူပါနဲ့ ယန်ယန် "

ခွေးဖြူလေးက ဂဏှာမငြိမ်ဘဲ အိပ်ရာပေါ် လှည့်ပတ်တယ်။

လင်းရုန် ခွေးလေးကို ကောက်ချီပြီး အချိန်အတော်ကြာတဲ့အထိ နှစ်သိမ့်တယ်။ နင်ယန် အိပ်ပျော်သွားတော့မှ လင်းရုန် မီးအမြန်ပိတ်လိုက်တယ်။

အဲ့ည နင်ယန် ကောင်းကောင်း အိပ်မပျော်ဘူး။ များသောအားဖြင့် သူ့အမေ သူ့ကို အလိုလိုက်တာမှန်ပေမဲ့ သူ့အမေ တကယ် စိတ်တိုရင် ဘယ်သူမှ သူမကို မနိုင်ဘူး။

နင်ယန် အိပ်မက်ထဲမှာ သူ့အမေက လင်းရုန်အခန်းထဲ ဇွတ်တရွတ် ၀င်သွားတယ်တဲ့။ နံရံပေါ်က ပြည့်သိပ်နေတဲ့ ပိုစတာတွေကိုတွေ့တော့ လင်းရုန်ကို နောက်ကနေ လိုက်ရိုက်တယ်။ သူလည်း သူတို့နောက်ကနေ ပြေးလိုက်ပြီး ရင်တုန်ပန်းတုန်နဲ့ ချွေးတွေရွှဲနစ်နေတာတောင် အဆုတ်ပွင့်မတတ် အော်ပြောတယ်။

" သား နှာဘူးကောင်ကို တကယ်ကြိုက်တာ ! သား နှာဘူးကောင်ကြီးကို တကယ် ကြိုက်တာလို့ ! "

ဒီလိုနဲ့ မိုးစင်စင်လင်းလာတယ်။

မနက်ပိုင်း... နင်ယန်အတွက် စောသေးတယ်လို့ ထင်ရတဲ့အချိန်လောက်မှာ ဖုန်းမြည်သံကြောင့် သူ နိုးလာတယ်။

After Being Turned Into a Dog [Translation - U+Z]Donde viven las historias. Descúbrelo ahora