48. Like Explosion (Z)

851 173 17
                                    

၄၈. လိုက်ခ် ဗုံးကြဲခြင်း။

အမှန်တိုင်းပြောရရင် 'တိ' ရုပ်ရှင်အမျိုးမျိုးမှာပါတဲ့ 'တိ' သရုပ်ဆောင်တွေဟာ ကြည့်ရှုသူတွေကို သူတို့တွေ တော်လိုက်ကြတာလို့ တွေးမိစေတတ်တယ် ဆိုသော်ငြား 'သာလွန်' ကြော်ညာကို ကြည့်ရှုသူတွေကတော့ အမှန်တကယ်ကိုပဲ အံ့ဩထိတ်လန့်သွားရတယ်။ [ Hello , World ] အပိုင်းကတည်းက ခွေးဖြူလေး သူတို့ကို တစ်ကြိမ်ပြီး တစ်ကြိမ် ပါးစပ်အဟောင်း ဖြစ်သွားစေတာကို ပြန်အမှတ်ရမိကြတယ်။

ကြော်ညာထဲမှာ အထူးပြုလုပ်ချက်အချို့ ထည့်ထားတာလည်း ထည့်ထားတာပေမဲ့ ခွေးဖြူလေးရဲ့မျက်နှာထားနဲ့ သရုပ်ဆောင်ချက်တွေက အစစ်အမှန်ပါ။

အစပိုင်း ခက်ခဲတဲ့အချိန်တွေကို ကြုံ‌တွေ့ချိန်မှာ ခါးသည်း အထီးကျန်တဲ့ မျက်နှာပေးမျိုး လုပ်ပြီး သူ့မျက်လုံးတွေက သနားစရာ အတိပြီးတယ်။ အဲ့နောက် ခွေးမင်းသမီးလေးနဲ့ တွေ့တော့ သူ့ခွေးပေါက် မျက်လုံးတွေက ရုတ်ချည်း လက်လက်ထပြီး မျက်လုံးထဲ မီးရှူးမီးပန်း ပေါက်သွားသလား အောက်မေ့ရတယ် !

ဆုံးဖြတ်ချက် ပြတ်သားခိုင်မာစွာနဲ့ 'တောင်' တက်တဲ့ သူ့မျက်နှာလေး၊ ခွေးမင်းသမီးလေးနဲ့ တွေ့တော့ ချစ်ကျွမ်းဝင်သွားတဲ့ သူ့အကြည့်လေး...

"အနုပညာလောကကို သရုပ်ဆောင်ချက်တွေနဲ့ အနိုင်ပိုင်းချသွားတဲ့ ခွေးလေးပဲ...."

" ရိုက်ကွင်းကို အပြင်လောကမှာ တည်ထားတာသာ မဟုတ်ရင် ငါ ဒါကို Disney ရုပ်ရှင်လို့ ထင်မိမှာ 🤭 "

" ? ? ? ခွေးပေါက်လေးတွေက အချင်းချင်း ခေါင်းသပ်ပေးတတ်တယ် ? ? ? "

" ရသစုံရှိုးထဲလည်း ပါနိုင်တယ်၊ အားကစား ပြိုင်ပွဲလည်း ၀င်ပြိုင်နိုင်တယ်၊ သရုပ်‌လည်း ဆောင်တတ်တယ် ! အံ့ဖွယ် စွယ်စုံရ ခွေးလေးပါလား !

" ငါ ဒါကို အခေါက်ခေါက် အခါခါ ကြည့်ပြီးပြီ။ တော်တော်လေး လွှမ်းမိုးနိုင်စွမ်းရှိတယ်... ငါ တစ်ယောက်တည်း အဲ့လို ဖြစ်တာလား ? "

......

တစ်ချိန်တည်းမှာ 'သာလွန်' ကုမ္ပဏီက သူတို့ရဲ့ တရားဝင် အွန်လိုင်း Taobao ဈေးအရောင်းအ၀ယ် ကြော်ညာပုံကို ပြောင်းလိုက်ကြတယ်။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now