23. Maio Bro Evolved to Woof Bro (Z)

942 194 22
                                    

၂၃. မြောင်-ကိုကိုက ‌အာဝု-ကိုကို ဖြစ်သွားပြီ။

နင်ယန်က ဆယ်ဖီပုံတင်ရတာကြိုက်တယ်ဆိုတာ မှန်တယ်။

သူ့ပရိသတ်တွေက သူ့ကို မင်းသားလေး လို့ ခေါ်ကြသော်ငြား သူတို့မင်းသားလေးက ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးလွန်းတဲ့သူ ဖြစ်တဲ့အပြင် ဆယ်ဖီဝါသနာအိုးဖြစ်ကြောင်းကိုလည်း သိကြတယ်။

အလုပ်ခွင်မှာ သူနဲ့တွေ့တဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေတိုင်း ဓာတ်ပုံအရိုက်မခံရဘူးဆိုတာ မရှိဘူး။

ဒါကြောင့် သူ့နောက်ကလူ ဒီမေးခွန်းမေးလာတဲ့အချိန် နင်ယန် တောင့်ခဲသွားတဲ့အပြင် သူ့ရင်ဘတ်ထဲက နှလုံးကလည်း တဒိတ်ဒိတ် ခုန်တော့တယ်။

ဒါပေမဲ့ လင်းရုန်က တစ်ခွန်းပဲမေးပြီး တိတ်ဆိတ်သွားတယ်။

နင်ယန် စောင့်ပြီးရင်း ထပ်စောင့်ပေမဲ့ နောက်ဆက်တွဲ စကားထွက်မလာဘူး။ သူ မဝံ့မရဲ ခေါင်းလှည့်လိုက်တော့ လင်းရုန်နဲ့ အကြည့်ဆုံတယ်။

နင်ယန် : "......"

လင်းရုန်က မျက်လုံးကျဉ်းပြီး အသံအုပ်အုပ်နဲ့‌ပြောတယ်။

" ဒါလည်း လျှို့ဝှက်ချက်ထဲပါတာလား? "

နင်ယန် တံတွေးမြိုချလိုက်တယ်။

လင်းရုန် ခဏလောက်ထပ်စဉ်းစားပေမဲ့ ဆက်‌မပြောတော့ဘူး။ နင်ယွဲ့ကိုလည်း တကူးတက မမေးချင်တာမို့ ဖုန်းပဲဆက်ကြည့်လိုက်တယ်။

အားနာစိတ်ဝင်တဲ့ နင်ယန်က လင်းရုန်ပေါ်တွယ်တက်ပြီး တစ်ဖက်လူရဲ့လက်မောင်းကို တိုးဝှေ့တယ်။

လင်းရုန်က ခွေးလေးကို သူ့ပေါင်ပေါ်ဆွဲတင်ပြီး ချော့‌မော့ပြောတယ်။

" ဘာမှမဖြစ်ပါဘူး"

လင်းရုန်က Weibo မှာ နေ့စဉ်နဲ့အမျှ ပုံတွေတင်တတ်တဲ့သူမဟုတ်ဘူး။

သူ့အကောင့်က အရမ်းကိုမှ လုပ်ငန်းသဘောဆန်ပြီး ပို့စ်အများစုက အလုပ်နဲ့ပတ်သက်တာတွေချည်းဖြစ်တယ်။ သူ့ပရိသတ်တွေဆို ကိုးပုံတွဲပုံတွေ များများတင်ပေးဖို့ အမြဲလိုလို ပူဆာကြတယ်။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now