18. Scent of Oranges

7.3K 1.3K 183
                                    

၁၈. ကမ္ဗလာရနံ့။

လွန်ခဲ့သော နာရီ၀က်က...

နင်ယန် ထွက်သွားပြီးတဲ့နောက် ကျန်းမိုနဲ့ ကျန်းရှောင်နင်တို့ ချက်ချင်း ထလာကြတယ်။

‌ဓာတ်လှေကားရှေ့ရပ်နေဆဲဖြစ်တဲ့ လင်းရုန်ရဲ့ပခုံးကို သူငယ်ချင်းနှစ်‌ယောက်က ဘေးတစ်ဖက်စီကနေ ဖက်လိုက်ကြတယ်။ အပြုံးမပြယ်သေးတဲ့ လင်းရုန်ရဲ့နှုတ်ခမ်းကြောင့် ကျန်းရှောင်နင်က စုတ်သပ်ရင်းစတယ်။

" သူများတောင် ပြန်သွားပြီ၊ မင်းက တပြုံးပြုံးလုပ်နေတုန်းလား?"

"ဘာဖြစ်သွားတာလဲ? ဘာဖြစ်သွားတာလဲ? နင်ယန် သူ့သဘောထားကိုပြောင်းတော့မှာလား? "

ကျန်းမိုက အတင်းအုပ်တယ်။

လင်းရုန် ခေါင်းခါလိုက်တယ်။

ဆဲ့ဆဲ့က သူတို့နှစ်ယောက်ကြား ပေါင်းကူးလုပ်ပေးတယ်ဆိုတာပဲ သူ သိတာ။ ဘာကပြောင်းလဲစေတာလဲတော့ သူကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း မသိဘူး။

ဒါပေမဲ့..

သူ ဖုန်းထုတ်ပြီး ဖွင့်လိုက်တယ်။ ဖုန်းနံပါတ်စာရင်းမှာ ပေါ်နေတဲ့ နင်ယန်ရဲ့ကိုယ်ရေးရာဇ၀င်ပုံကို ငုံ့ကြည့်တယ်။ ပြီးတော့ တိုးညင်းစွာနဲ့ _

" ငါ ယန်ယန့် Wechat အကောင့် ရခဲ့ပြီ"

" အယ်ယ်ယ်ယ်ယ် ___"

ကျန်းမိုနဲ့ ကျန်းရှောင်နင်က ဟေးလားဝါးလားနဲ့ စနောက်ပါတော့တယ်။

လင်းရုန် သူတို့ကို ကြည့်လိုက်တော့ သကောင့်သားတွေက ရယ်ပွဲကျသွားတယ်။

" အရင်ကတည်းက ကြိုးစားကြည့်ပါ လို့ ငါပြောသားပဲ"

အခုတော့ နင်ယန် အိမ်ပြန်သွားပြီမို့ ကျန်းမိုက ဆက်ပြောတယ်။

"မင်း သိလား၊ ငါတို့ အောက်ထပ်မှာ ဟေးချုံရှင်းနဲ့ တွေ့တုန်းကလေ... အဲ့ကောင် မူးရူးပြီး နင်ယန်ကို ချစ်စကား၊ ကြိုက်စကားတွေ ပြောနေတာ။ ဒါပေမဲ့ နင်ယန်က သူ့ကို အပြတ်ငြင်းပစ်လိုက်တာကွ..."

"ဪ.... အဲ့လိုလည်း ဖြစ်ခဲ့သေးတာကိုး။ ဒါပေမဲ့ နင်ယွဲ့က နင်ယန်ကိုယ်စား မွေးနေ့ပွဲပါတီကို ငြင်းလိုက်တယ်ဆို၊ အဲ့ဒါ နင်ယန် အဲ့ကိစ္စကိုသိပြီးလို့ သူ့ကိုငြင်းလိုက်တဲ့သဘောပဲပေါ့"

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now