26. Fight for the Golden Bone - II (Z)

864 205 14
                                    

၂၆. ရွှေအရိုးတွက် တိုက်ပွဲဝင်ခြင်း - ၂။

ကောင်မလေးဟာ တစ်စ တစ်စဝေးသွားတဲ့ ‌ခွေးဖြူလေးရဲ့ ပုံရိပ်ကို ကြာရှည်စွာ ကြည့်တယ်။ အဲ့ဒီနောက် သူမလက်ထဲက ပန်းပွင့်ငယ်ကို ပြန်ငုံ့ကြည့်တယ်။ နှစ်လိုဖွယ်ကောင်းလွန်းတဲ့ ဒီအရာလေးကြောင့် သူမ အရည်ပျော်သွားရပြန်တယ် !

ဝေ့ကျိုးနန်က နင်ယန်ရဲ့ခေါင်းကို ထိုင်သပ်တယ်။ စိတ်လှုပ်ရှားစွာနဲ့ ချီးကျူးတယ်။

" ဆဲ့ဆဲ့! မင်း အရမ်းတော်လွန်းတယ် ! "

မင်းအကိုပဲလေ !

နင်ယန် ဘ၀င်လေဟပ်စွာ တွေးလိုက်တယ်။

လင်းရုန်ရဲ့ ကြည်နူးရိပ်သန်းတဲ့မျက်ဝန်းနဲ့ဆုံတော့ နင်ယန် ခေါင်းလေးစောင်းပြီး ခဏ စဉ်းစားတယ်။ အဲ့နောက်မှာ ခုံတန်းရှည်ဘက် လှည့်ပြေးသွားတယ်။ ပြန်ရောက်လာတော့ ပါးစပ်ထဲမှာ ပန်းတစ်ခိုင်နဲ့။

"ဆဲ့ဆဲ့၊ ပြိုင်ပွဲက ပြီးပြီလေ။ ဒီပန်းတွေနဲ့ ဘာလုပ်မလို့လဲ? "

ဝေ့ကျိုးနန်က ဟက်ဟက်ပက်ပက်ရယ်တယ်။

သူ့ဘေးက လင်းရုန်ကတော့ ထိုင်ချပြီး လက်ဖြန့်လိုက်တယ်။ ခွေးဖြူလေးက သူ့ဆီသွားပြီး ပန်းတစ်ခိုင်လုံးကို လက်ထဲ ထည့်ပေးတယ်။

ဝေ့ကျိုးနန် : "........."

မနာလိုမှုနဲ့အတူ သူ ပါးစပ်ပိတ်သွားတယ်။

နင်ယန်က တစ်ဖက်လူရဲ့လက်မောင်းကို တိုးဝှေ့ပြီး စိတ်ထဲက‌နေ ပြောတယ်။

သ၀န်မတိုပါနဲ့။ ငါ မင်းကိုပေးတဲ့ပန်းတွေကမှ တကယ် ချစ်ခြင်းသီတဲ့ပန်းတွေပါ !

သနားစရာကောင်းတဲ့ သူ့ရဲ့ညီငယ်လေးကို နင်ယန် တစ်ချက်ကြည့်ပြီး ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်တယ်။ ဘယ်အချိန်တုန်းက ကြွေကျ‌သွားမှန်းမသိတဲ့ မြေကြီးပေါ်က ပွင့်ဖတ်တစ်ချပ် ကောက်ပြီး သူ့ညီလေးလက်ထဲ လက်လွတ်စပယ် ထည့်လိုက်တယ်။

ရော့...မသိရင် ငါ မင်းကို အရင်က ဘာမှမပေးဖူးတာ ကျနေတာပဲ !

ဝေ့ကျိုးနန် သူ့လက်ထဲက ပွင့်ဖတ်တစ်ချပ်ကို ငုံ့ကြည့်လိုက်တယ်။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now