34. Showdown ! In the Bathroom

7.2K 1.2K 210
                                    

၃၄. သန့်စင်ခန်းထဲက အပိတ်ပွဲ။

အရက်သောက်ထားတာမှန်ပါလျက် မမူးဘူးလို့ အထင်ရောက်နေသူ နင်ယန်ဟာ အပေါ်ထပ်ရောက်တော့ တရေးတမောအိပ်ပျော်သွားတယ်။

ကလေးငယ် ဖုန်းဖုန်းက အိပ်ရာဘေးမှာ ဒူးထောက်ထိုင်ပြီး မေးစေ့ကိုလက်နှစ်ဖက်ပေါ်ထောက်လို့ နင်ယန်ကို ‌စောင့်ကြည့်တယ်။

သူ့နောက်က နင်ယွဲ့က လီရှင်းဝိန်နဲ့ဖုန်းပြောနေတယ်။

"..... တစ်ယောက်ယောက်ကို ဆင်ခြေသုံးခိုင်းပြီး လင်းရုန်ကို ခေါ်ထုတ်သွားလိုက်"

နင်ယွဲ့လေသံက အေးစက်တယ်။ ဖုန်းတစ်ဖက်ကလူက တစုံတရာ ပြန်ပြောတယ်။ ဖုန်းချပြီးသွားချိန်မှာ နင်ယွဲ့မျက်နှာက ပိုပြီးမရွှင်မပျဖြစ်လာတယ်။

ဖုန်းဖုန်းက နင်ယွဲ့ဘက် လှည့်မေးတယ်။

" နင်-ကော၊ သား အသံတုလုပ်တာ တော်လား?"

နင်ယွဲ့က ချီးကျူးဟန်နဲ့ သူ့ခေါင်းကိုသပ်တယ်။ နင်ယန်ကို စကားပြောတဲ့အခါမယ်တော့ သူ့အသံက ပြန်မာကြောသွားတယ်။

" ထတော့။ ဆက်မူးနေရင် ခဏနေ သမန်းခွေးပြန်ပြောင်းတဲ့အချိန် လင်းရုန် ရိပ်မိသွားလိမ့်မယ်"

နင်ယန် အသိစိတ်လွတ်နေပေမဲ့ သတိတော့ ရှိပါသေးတယ်။ သူ ငေါက်ကနဲထထိုင်ပြီး ငေးတိငေးကြောင် ပြောတယ်။

" မဖြစ်ဘူး ! သူ့ကို ပေးသိလို့မရဘူး !"

နှာဘူးကောင် မေ့မြောသွားလိမ့်မယ် !

အလန့်တကြားပြောပြီးတာနဲ့ နောက်ကိုလှဲချပြီး အိပ်ရာပေါ်က ဖက်လုံးကိုဆွဲဖက်တယ်။ တစ်စုံတစ်ယောက်အမှတ်နဲ့ ဖက်လုံးကို နှစ်နှစ်ကာကာ ပွတ်သပ်‌တယ်။

ဖုန်ဖုန်းက နှစ်သိမ့်တယ်။

" နင်-ကော... ပါတီပွဲပြီးတဲ့အချိန်လောက်ဆို ယန်ယန်ကောလည်း နည်းနည်းဖြစ်ဖြစ် အမူးပြေလောက်ပါပြီ "

နင်ယန်အရက်မူးပြီး ပြဿနာရှာမှာစိုးလို့ နင်ယွဲ့မှာ မီးစင်ကြည့်ကလိုက်ရသေးတယ်။ ဖုန်းဖုန်းကို ခွေးဖြူလေးအသံတုပြီး ဟောင်ခိုင်းလိုက်ရတယ်လေ။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now