14. SeSe and YanYan

7.2K 1.3K 110
                                    

၁၄. ဆဲ့ဆဲ့ နဲ့ ယန်ယန်။

စောင့်မျှော်နေတဲ့ အခါသမယဟာ ထင်ထားတာထက်စောပြီး ရောက်လာခဲ့တယ်။ တက္ကသိုလ်၀င်ခွင့်ဖြေမဲ့ညလို နင်ယန် စိတ်လှုပ်ရှားလို့နေတယ်။ တစ်ညလုံး ‌တစ်မှေးမှ အိပ်မရခဲ့ဘူး။

မနက်ရောက်တော့ နင်ယွဲ့က လင်းရုန်ကို ဖုန်းဆက်လာတယ်။ သူ ခွေးလေးကို နင်ယန်ဆီ ခေါ်သွားချင်ကြောင်း ပြောတာပါ။

နင်ယန် နာမည်လည်းကြားရော လင်းရုန်ရဲ့အသံ နူးညံ့သွားပြီး မတုံ့မဆိုင်း သဘောတူလိုက်တယ် : " ဟုတ်ကဲ့ပါ"

ဖုန်းချပြီးသွားတော့ သူ ခွေးဖြူလေးဘက် လှည့်ပြီး တစိုက်မတ်မတ်ကြည့်တယ်။ အဲ့နောက် ခွေးလေးဆီသွားပြီး သူ့ခေါင်းကို လက်ချောင်းထိပ်နဲ့ ပုတ်တယ်။

" မင်းနဲ့ ယန်ယန်ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ? "

နင်ယန် လည်ပင်းပု၀င်သွားတယ်။

ကံကောင်းလို့ လင်းရုန်က အဖြေရဖို့ စောင့်ဆိုင်းမနေဘူး။

နင်ယွဲ့နဲ့ ချိန်းပြီးပြီမို့ လာခေါ်မဲ့အချိန်ကို စောင့်နေယုံပဲ။

လင်းရုန် သူ့ဘာသာ တွေးပြီး ခွေးလေးရဲ့ခေါင်းကို ထပ်ပုတ်ပြန်တယ်။ ပြီးတော့ ခွေးလေးကို မချီပြီး :

" ယန်ယန့်ဆီ ပြန်မပို့ခင်၊ မင်းကို ရေချိုးပေးရမယ်"

နင်ယန် အရွဲ့တိုက်တွေးလိုက်တယ်။

ဘာလဲ? မင်း အချစ်တော် ယန်ယန်က ငါ့အနံ့ကြောင့် မူးမေ့လဲသွားမှာ စိုးရိမ်လို့လား?

နင်ယန် သူ့ကိုယ်သူ ဖျားတယ်လို့ မခံစားရတဲ့အတွက် လင်းရုန် ရေချိုးပေးတာ ငြိမ်ခံလိုက်တယ်။ ရေချိုးပြီးသွားတော့ သူဟာ ကမ္ဗလာနံ့ ချိုအီမွှေးတဲ့ ခွေးလေးဖြစ်သွားတယ်။ ညနေပိုင်းမှာ သူ့ကိုယ်အပူချိန်တက်လာတယ်။

များမကြာမှီမှာပဲ နင်ယွဲ့က လင်းရုန်ကို ဖုန်းဆက်လာတဲ့အတွက် လင်းရုန် ခွေးလေးကို ခေါ်ပြီး အောက်ထပ်ဆင်းတယ်။

ခွေးလေးကို လင်းရုန်ဆီက လက်‌ပြောင်းချီပြီးတဲ့နောက် နင်ယွဲ့ သူ့နောက်ကနေ ဒီစကားကြားလိုက်ရတယ်။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now