9. Actually, I'm not Outrageous

7.5K 1.4K 137
                                    

၉. အမှန်တော့ ငါက  လန့်စရာမကောင်းဘူး။

မြို့ဆင်ခြေဖုံးက သူ့တိုက်ခန်းဆီကို နင်ယွဲ့ ပြန်သွားတယ်။ ပြီးတော့ အိပ်ခန်းထဲ တန်း၀င်တယ်။

ပြတင်းပေါက်နားမှာရှိတဲ့ စားပွဲခုံရဲ့ အကြီးဆုံးအံဆွဲကို သော့နဲ့ဖွင့်ပြီး ပန်းကနုတ်ဆွဲထားတဲ့ သေတ္တာတစ်လုံးကို ထုတ်လိုက်တယ်။

ပန်းကနုတ်သေတ္တာထဲမှာ အနီရောင်ကြိုးစနဲ့ ချည်ထားတဲ့ မွေးကင်းစကလေးရဲ့ မွှေးညင်းတစ်ထွေးရှိတယ်။ သူ နင်ယန်ရဲ့ မန်နေဂျာအဖြစ် အလုပ်စ၀င်တုန်းက နင်ကျောက်ရုန် သူ့ကို လိုလိုမယ်မယ်ဆိုပြီး ပေးထားခဲ့တာ။

သမန်းမျိုးနွယ်တွေမှာ သူတို့နဲ့ သွေးသားတော်စပ်သူတွေကို အလွယ်တကူ ရှာဖွေနိုင်စွမ်းရှိကြတယ်။

နင်ယွဲ့ သူ့ရဲ့လက်ခုံကို နှုတ်ခမ်းနားတေ့ပြီး သွေးထွက်တဲ့အထိ ကိုက်တယ်။ အဲ့နောက် မွေးညင်းအထွေးလိုက်ကို သူ့လက်ထဲဆုပ်ပြီး မျက်လုံးမှိတ်လိုက်တယ်။

မိနစ်အနည်းငယ်အကြာမှာ သူ့မျက်လုံး ဆတ်ခနဲပွင့်လာတယ်။

သူထင်ထားသလိုပါပဲ။ နင်ယန်မှာ ဘာအန္တရာယ်မှမရှိဘူး။ ဒါပေမဲ့ မျိုးနွယ်စုတိုင်း မလွဲမသွေကြုံတွေ့ရတဲ့ 'အသွင်ပြောင်းခြင်းဖြစ်စဉ်' ကို တွေ့ကြုံနေရတယ်။ ပြီးတော့ သူက အခု 'သူ့ဝိညာဉ်မိတ်ဖက်' နဲ့အတူ ရှိနေတယ်။

လောလောဆယ် နင်ယွဲ့ အာရုံခံလို့ရတာက နင်ယန်နဲ့ 'သူ့ဝိညာဉ်မိတ်ဖက်' တို့က A မြို့ရဲ့ အရှေ့ဖျားပိုင်းမှာ ရှိနေကြတယ်။

နင်ယန်ရဲ့ မိဘနှစ်ပါးလုံးက C မြို့မှာ နေတာဖြစ်ပြီး၊ A မြို့မှာ နင်ယန် သိတဲ့တစ်ဦးတည်းသောလူဟာ နင်ယွဲ့ အပြင်မရှိဘူး။ ဒီတော့ ဆိုလိုတာက နင်ယန်ရဲ့ 'ဝိညာဉ်မိတ်ဖက်' က မျိုးနွယ်စုတွင်းက မဟုတ်ဘဲ ပြင်ပလူဖြစ်တယ်။

ယေဘုယျအားဖြင့် သမန်းမျိုးနွယ်တစ်ယောက်ရဲ့ 'ဝိညာဉ်မိတ်ဖက်' က ပြင်ပလူဖြစ်နေတယ်ဆိုရင်... အဲ့လူက....။

နင်ယွဲ့ တစ်စုံတစ်ခုကို တွေးမိပြီး နှုတ်ခမ်းတင်းတင်းစေ့လိုက်တယ်။ သူ့မျက်လုံးမှာ အရိပ်တစ်ချို့ ဖြတ်ပြေးသွားတယ်။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now