47. Puppy Knight Seeking Abs (Z)

952 165 9
                                    

၄၇. ဗိုက်ကြွက်သား ရှာပုံတော် သူရဲကောင်း ခွေးပေါက်လေး။

သူတို့ဘေးကလူတွေ စိတ်ထဲ ဇာတ်လမ်းဘယ်နှစ်ပုဒ်လောက် ထွက်ပြီးနေမယ်မှန်း နင်ယန်နဲ့ လင်းရုန်တို့လည်း မပြောတတ်ဘူး။

လက်ထောက်တစ်ယောက်က ဥက္ကဌလင်ကို ' စိတ်အေးအေးထားပါ ဥက္ကဌကြီး' လို့ တဖွဖွပြောပြီး အမြန် ၀င်ထိန်းလိုက်တယ်။ သ၀န်တိုအားကြီးတဲ့ တစ်ဖက်လူကတော့ နင်ယန်ကို ချီပြီး နှုတ်ခမ်းတစ်ဖက်တွန့်လို့ ရိုက်ကွင်းဆီ သွားတယ်။

ဒီ ကြော်ညာက အတော်လေး ရိုးရှင်းပါတယ်။ ခွေးလေးနှစ်ကောင်ပဲ ပါမှာဖြစ်ပြီး တစ်ခြား လူသရုပ်ဆောင်တွေ မလိုပါဘူး__ ဟုတ်ပါတယ်၊ နောက်ဆုံးတော့ အရှုပ်အရှင်းကင်းဖို့ရာ နင်ယန်နဲ့အတူ ကြော်ညာမရိုက်ဖို့ လင်းရုန် ဆုံးဖြတ်လိုက်တယ်လေ။ ဒါကြောင့် ဒါရိုက်တာကြီးတွေက နင်ယန်အတွက် ခွေးမလေးတစ်ကောင် ရှာပေးခဲ့ကြတယ်။

ခွေးမလေးက ရှီဇု [1] အမျိုးအစားပါ။ သူမရဲ့ရှည်လျားလှတဲ့ အမွှေးတွေကို ဖြီးသင်ထားပြီး၊ ကိုယ်ပေါ်မှာ လှိုင်းပျော့အသွင် ဝဲကျတောက်ဖြာတဲ့အထိ ဂရုစိုက်ထားတယ်။ သူမဟာ ပိုင်ရှင်ဖြစ်သူဘေး ငြိမ်ငြိမ်သက်သက် ထိုင်လို့ သူတို့ကို နူးနူးညံ့ညံ့ ကြည့်တယ်။

နင်ယန်ကတော့ အနှီခွေး‌မလေးကို အိပ်ခန်းထဲမှာ စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်တဲ့ မိန်းမပျိုလေးပမာ မြင်မိတယ်...

ဝန်ထမ်းမလေးက နင်ယန်ရဲ့အမွှေးတွေကို တစ်ချက်လာကြည့်ပေးတယ်။ ဒါရိုက်တာကြီးကလည်း ရိုက်ကူးရေးအတွက် အစီအစဉ်အကြမ်းဖျင်းကို လင်းရုန်နဲ့လာဆွေးနွေးတယ်။

"... ဆဲ့ဆဲ့သာ အဲ့လစ်ကို နမ်းလိုက်ရင်တော့ အကောင်းဆုံးပေါ့ကွာ။ အင်... မင်းရဲ့ဆဲ့ဆဲ့က ခွေးမ‌‌လှလှလေးတွေ ကြိုက်တတ်လား ? "

ဒါရိုက်တာကြီးက ဒီမေးခွန်းကို သာမန်ကာလျှံကာပဲ မေးလိုက်တာပါ။

ရုတ်တရက် လင်းရုန်၊ လုယွမ် နဲ့ နင်ယန်တို့ အားလုံး သူ့ကို အသံတိတ် စိုက်ကြည့်လာကြတယ်။

ဒါရိုက်တာကြီး ကြက်သီးထပြီး သူ့အပြုံးတွေ အေးခဲသွားတယ် : " ဘာ... ဘာဖြစ်လို့လဲ ? "

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now