24. Is Your Dog a Human?

6.9K 1.2K 124
                                    

၂၄. မင်းရဲ့ခွေးက 'လူ'များလား?

အစီအစဉ်တင်ဆက်သူ ငါးယောက်နဲ့ လေးယောက်သော ဧည့်သည်တို့ အသီးသီးနေရာယူပြီး‌နောက်မှာ လင်းရုန်ကို ရပ်စောင့်ကြတယ်။

ဝေ့ကျိုးနန် နည်းနည်း အာရုံလွင့်နေတယ်။ သူ့ဘေးမှာရပ်နေတဲ့ အစီအစဉ်တင်ဆက်သူ ဝူယွီက သူ့ကို တီးတိုး‌ဆိုတယ်။

"လင်းရုန်ရဲ့ခွေးက Weibo မှာ Trend ၀င်တာဖြင့် တစ်ခါပဲရှိသေးတယ်၊ သူက အခု ရှိုးမှာပါလာပြီ။ ဗန်းပြပြီးအောင်မြင်ချင်တဲ့သူလို့ မထင်ရဘူး။ သူ အဲ့လိုလူမှန်း ဘယ်သူကသိမှာလဲ?"

ဝေ့ကျိုးနန်ဆီက တုံ့ပြန်မှုမရတဲ့အတွက် ဝူယွီ သူ့ကို တံတောင်နဲ့ ‌တွတ်လိုက်တယ်။

" သတိလေးကပ်ပါဦး၊ ဘာတွေ‌တွေးနေတာလဲ?"

" ‌အာ? ဘာမှမဟုတ်ဘူး...."

ဝူယွီ ဘာလို့ သူ့ကိုအဖော်ညှိပြီး အတင်းလာအုပ်နေသလဲ ဝေ့ကျိုးနန် သိတယ်။

...လင်းရုန်ကို နင်ယန် မျက်မုန်းကျိုးနေတဲ့အတွက် နင်ယန်ရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့ ဝေ့ကျိုးနန်ကလည်း သေချာပေါက် နင်ယန်လိုပဲဖြစ်လိမ့်မယ်ဆိုတာ ဝူယွီသိတယ်လေ။

အကယ်၍ ကျန်းအန်း ကိစ္စသာ ရှိမလာခဲ့ရင် ဝေ့ကျိုးနန်လည်း အဲ့လိုတွေးမိလောက်တယ်။ သူ့ဆောင်ပုဒ်ကိုက : ' နင်-ကော ရန်သူ၊ ငါ့ရန်သူ' တဲ့ !

ဒါပေါ့၊ သူ ဝူယွီနဲ့ပေါင်းပြီး အတင်းအဖျင်းတွေ ပြောနေမှာတော့ မဟုတ်ဘူး။ ပြောရရင် သူ ဒီကောင့်ကိုလည်း သဘောမကျဘူး။

ဒါပေမဲ့... ဒါပေမဲ့ နင်-ကောကိုယ်တိုင်က သစ္စာဖောက်ပြီး...

အဲ့ညအကြောင်း ပြန်စဉ်းစားလိုက်တိုင်း ဝေ့ကျိုးနန် ခေါင်းရှုပ်ရတယ်။

စကားမစပ်၊ နင်‌-ကော သူ့ကို ကြိုပြောထားပြီးသားဆိုပေမဲ့__ ဘာလို့ နင်ကောက ဖုန်းစက်ပိတ်ထားပြန်တာလဲ? ဘာတွေဖြစ်သွားလဲ သူ မေးချင်ပါတယ်ဆို.... ပေါက်ကွဲတတ်တဲ့ ဗုံးတစ်လုံးကနေ ဘယ်လိုလုပ် နူးညံ့ချိုမြိန်တဲ့ အာတာပူစီအဖြစ် ပြောင်းသွားတာလဲ? ? ! !

သူ တကယ် ဗျာများရတယ်လို့ !

ဝေ့ကျိုးနန် အတော်လေး အာရုံထွေပြားတာကို တွေ့‌တော့ ဝူယွီက မဲ့ပြုံးပြုံးတယ်။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now