17. In This Short Time (Z)

895 218 40
                                    

၁၇. တိုတောင်းတဲ့ ဒီခဏတာဝယ်။

" ကော၊ တကယ် တောင်းပန်ပါတယ်"

ဟေးချုံရှင်း ထွက်သွားတာနဲ့တစ်ပြိုင်နက် ဝေ့ကျိုးနန်က ကမန်းကတမ်း ရှင်းပြတယ်။

"ကော ကို ဖုန်းဆက်ပြီးမှ လောင်'လင်း' က ဟေးချုံရှင်းကို ခေါ်လာမှန်းသိတာ။ ကျွန်တော် ကော ကို ဖုန်းပြန်ခေါ်တာလည်း အဲ့ဒါကြောင့်ပဲ...."

"ဒါနဲ့ပဲ ငါ့ကို ဒီထောင့်နား ‌ဆွဲခေါ်လာတယ်‌ပေါ့။ အပေါက်ဝမှာကတည်းက တစ်ခါတည်း ပြောပြလိုက်လို့မရဘူးလား?"

နင်ယန် ငေါ့ပြောလိုက်တယ်။

"ကျွန်တော် အချိန်တိုအတွင်း မရှင်းပြနိုင်မှာစိုးလို့။ ပြီးတော့ အ၀မှာရပ်ပြီး စကားပြောရင် လူတွေ ကော ကို သတိထားမိကုန်မှာပေါ့! "

ဝေ့ကျိုးနန်က ကြံရာမရတဲ့လေသံနဲ့ ဆိုတယ်။

နင်ယန် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်။ သူ့သူငယ်ချင်းကိုလည်း ဆက်ပြီးအပြစ်မတင်ချင်တော့ဘူး။ ပြောရရင် ‌ဝေ့ကျိုးနန်လည်း သူ့အတွက် စဉ်းစားပြီးလုပ်ပေးခဲ့တာပဲလေ။

ဝေ့ကျိုးနန် သက်ပြင်းချလိုက်တယ်။ ပြဿနာတွေ ရှင်းပြီးပြီမို့ အားလုံးအဆင်ပြေသွားပြီ။ ဟေးချုံရှင်းက ထင်ထားတာထက် လွယ်လွယ်နဲ့ လက်လျှော့လိုက်သားပဲ။

လုံခြုံစိတ်ချရတဲ့အခြေအနေကို ရောက်သွားပြီမို့ သူ မြူးမြူးကြွကြွ ပြန်ဖြစ်လာတယ်။ နဖူးပေါ်ကချွေးစေးတွေကို သုတ်ရင်းမေးတယ်။

" ဒါဖြင့် ကော... ကိစ္စတွေလည်းရှင်းပြီးပြီဆိုတော့ ကျွန်တော်တို့ ကျောက်ပုဇွန်သွားစားကြမလား? "

အဲ့မေးခွန်းလည်းကြားရော နင်ယန် စက်န်ြတစ်ဝိုက်ကို ‌ဝေ့လည်‌ကြောင်ပတ်ကြည့်ပြီး သူ့ကိုတိတ်တဆိတ်ငေးနေတဲ့ဘေးကလူဆီ အကြည့်ပို့လိုက်တယ်။

ကျန်းမိုက လင်းရုန်နဲ့ နင်ယန်တို့ကို တစ်လှည့်စီကြည့်လို့ စိတ်ဝင်စားမှုတွေ မြင့်တက်လာတယ်။

ရုတ်တရက်... ဝေ့ကျိုးနန်လည်း ထူးဆန်းတဲ့လေထုအခြေအနေကို ခံစားမိသွားတယ်။ သူ့ရှေ့ကလူသုံးယောက်ကို ဇဝေဇဝါကြည့်ရင်း _

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now