Chapter(5)(U&Z)

1.7K 167 4
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရန်ညီ နှလုံးသားတစ်စုံ၏ချစ်ခြင်းသံစဉ်

Chapter(5)

“နှောင်ကြိုးနင့်ကို ဟိုကောင် စာလိုက်ပေးနေတာမဟုတ်လား…………..။ အလကားကောင်တွေ အားနေ ဖွန်ကြောင်ဖို့လောက်ပဲ သိတဲ့ကောင်တွေ …………..။
ငါ ခနလေးမရှိတာနဲ့ ဒီကောင်တွေ ရောက်လာတာကြည့်…………..။”

“ဒေါသမထွက်စမ်းပါနဲ့ ကိုကို ရေ…………။
ငါအဲ့ ကောင်တွေကို စိတ်မဝင်စားပါဘူးဟာ…………..။
သူ့စာ ကို ငါယူလည်း မယူပါဘူး…………။
နောက်တစ်ခါ ငါ့ကို စာလိုက်ပေးရင် အတန်းပိုင်ဆရာမနဲ့တိုင်မယ်လို့ပါ တစ်ခါတည်းပြောလိုက်တယ်……………။”

စိတ်တိုစွာဖြင့် ရေရွတ်လာသည့်ကိုကို့ကို  ကြည့်ကာ နှောင်ကြိုးသဘောတကျပြုံးရယ်လိုက်ရင်း ဖြောင်းဖြ ပြောဆိုလိုက်သည်………….။

ကိုကိုက အခုနောက်ပိုင်း နှောင်ကြိုးရဲ့ အမေကြီးလိုပင်..........။
ပွစိပွစိ ပြောတတ်လာပြီး နှောင်ကြိုးကိုလည်း မျက်စိအောက်က အပျောက်မခံ………….။

နှောင်ကြိုးနားကပ်လာသမျှ ကောင်တွေကိုလည်း ပညာပေးလွတ်လိုက်သည်ချည်းသာ……………။

နှောင်ကြိုး ကို ကာကွယ်ဖို့လိုတယ်ဆိုပြီး ရှစ်တန်းနှစ်တုန်းက ပင် တိုက်ကွန်ဒိုသွားတက်ကာသင်ကြားလာခဲ့သေးသည်……………..။

ဆံပင်လေးကတော့ ကုတ်ပေါ် ထောက်တယ်ဆိုရုံလောက်သာ ရှည်ပြီး အမြဲတမ်း တီရှပ်ပွပွ နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်တတ်သည့် ကိုကို့ကို ဘွားဘွားကြီးက အခုဆိုပိုတောင်ကြည့်မရချင်…………….။

“မိန်းကလေးလုပ်ပြီး ကိုယ်ခံပညာနဲ့ဘာအပ်စပ်လို့သွားသင်နေရတာတုန်း………..။ အိမ်မှုကိစ္စတွေကျ တစ်ခု မှ မတတ်ဘဲနဲ့…………..။
မိန်းကလေးလုပ်ပြီး နွဲ့နွဲ့နှောင်းနှောင်း သိမ့်သိမ့်မွေ့မွေ့မရှိတဲ့ အပြင် ယောက်ျားလေးတွေနဲ့တောင် ဖက်ပြီး ရန်ဖြစ်နေသေးတယ်………….။
နှောင်ကြိုးသွယ် အဲ့လို ကောင်မလေးမျိုးနဲ့ ညည်းကြပ်ကြပ်ပေါင်း…………..။ ငါမပြောလိုက်ချင်ဘူး………..။
ညည်းနော် နောက်ပြီး အဲ့ကောင်မလေးက မြန်မာလူမျိုးစစ်စစ် မ ဟုတ်တဲ့အပြင် မိဘတွေကလည်းအိမ်ထောင်ကွဲတွေ……………..။
အေး ညည်းသူ့လို အချိုးမျိုးတွေ အဲ့ကောင်မလေးဆီကနေ သင်ရဲ သင်လာကြည့် မလွယ်ဘူးမှတ်…………..။
ညည်းငါ ထိပ်ထားတင် အကြောင်းကိုသိတယ်နော်…………..။
ကြပ်ကြပ်သတိထားနေညည်း…………။”

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Onde histórias criam vida. Descubra agora