Chapter(2)(U&Z)

2.7K 184 3
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရန်ညီ နှလုံးသားတစ်စုံ၏ချစ်ခြင်းသံစဉ်

Chapter (2)

မိုးဦးကျကာလ ………..။
သုံးလတာ ခွဲခွါခဲ့ရသည့် ကျောင်းတော်ကြီး၏အရိပ်အောက်သို့ ပြန်လည်ခိုလှုံရသည့် ချိန်ခါ…………….။

ရွက်ဟောင်းတို့ကြွေ ရွက်သစ်တို့ဝေကာ စိမ်းလန်းစိုပြေနေသည့် သစ်ပင်စိမ်းစိမ်းလေးတွေ…………..။

ကျောင်းစိမ်း ၊ ကျောင်းဖြူ ဆင်တူညီ ဝတ်စုံ ကိုယ်စီ ဖြင့် တက်ကြွ ရွှင်လန်းစွာ လျှောက်လှမ်းရောက်ရှိလာကြသည့် ကျောင်းသား ၊ ကျောင်းသူလေးတွေ…………..။

ပထမဆုံး ကျောင်းတက်ရသည့် ဒီအချိန်ခါတွေကိုတော့ နှောင်ကြိုးတစ်ကယ်ကိုပျော်ရွှင်ရသည်………….။

အိမ်မှာ နေထိုင်ရသည့် စည်းကမ်းကျင့်ဝတ်များကြားက ပျင်းရိခြောက်သွေ့ဖွယ် ဘဝကြီးမှ  ခနတာလွတ်မြောက်ခွင့်ရကာ သူငယ်ချင်းများနှင့် ပြန်လည်ဆုံဆည်းရင်း ပျော်ရွှင်ရသည့် ချိန်ခါလေး…………..။

ကျောင်းတက်ရန်အတွက် လွယ်အတ်လေးလွယ် ၊ ထမင်းဘူးလေးကိုသေချာ ထည့်ယူပြီး ကားပေါ်သို့တက်လိုက်သည်နှင့် နှောင်ကြိုးတို့အိမ်က ဒါရိုင်ဘာ ဦးမောင်က ကားမောင်းကာနှောင်ကြိုးကိုကျောင်းသို့လိုက်ပို့တော့သည်……………။

အတန်းအသစ်မှာ သူငယ်ချင်း အသစ် ၊ လွယ်အိတ်အသစ် ၊ ကျောင်းစာအုပ်အသစ်တို့နှင့်အတူ ကွန်ပါဘူး အသစ် ၊ ဘောပင်အသစ် ၊ အရာအားလုံးက အသစ်ဆန်းချည်းသာ…………..။

နှောင်ကြိုးက ဒီနှစ်ငါးတန်း အလယ်တန်းစတက်ရသည့်နှစ်ဖြစ်သည်………..။
နှောင်ကြိုး အရင် လေးတန်း အထိ တက်ခဲ့သည့် မူလတန်း ကျောင်းလေးနှင့်မတူတော့………….။

အရာအားလုံးသည်ကွဲပြားသည်………….။

ကျောင်းပေါက်ဝ တွင် ကြိုဆိုနေသည် က ပညာရွှေအိုးလူမခိုး ဆိုသည့် ခေါင်းစည်းစာတန်းကြီး………….။

ကျောင်းဝင်းအတွင်းမှ နှောင်ကြိုးလို ကျောင်းစိမ်း ကျောင်းဖြူလေး ဝတ်ဆင်ကာ  လှုပ်ရှားသွားလာနေကြသည့် ကျောင်းသား ၊ ကျောင်းသူလေးများ………….။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Où les histoires vivent. Découvrez maintenant