Chapter(8)(U&Z)

1.5K 152 0
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရန်ညီ နှလုံးသားတစ်စုံ၏ချစ်ခြင်းသံစဉ်

Chapter (8)

“မိုးနှင်းဖြူ  သမီး က ဒီတစ်ပတ်လည်း စာမေးပွဲမှာ ရမှတ်တွေက တော်တော်နိမ့်နေတယ်နော်.......။
ဒီပုံအတိုင်းသာ ဆက်ဖြစ်နေအုံးမယ်ဆိုရင် သမီး မိဘတွေ ကို တီချယ်တို့ခေါ်တွေ့ရလိမ့်မယ်..........။
သမီးသေချာ ကြိုးစားဖို့လိုတယ်နော်...........။
သမီး တီချယ် ပြောတာ နားလည်တယ်မလား ............။”

“ဟုတ်ကဲ့ တီချယ် သမီးနားလည်ပါတယ်..........။”

နှောင်ကြိုး သချာၤ ဆရာမ ၏ စားပွဲထက်သို့ သချာၤ အိမ်စာ စာအုပ်တွေကို လာတင်ရင်း တစ်ဖက် စားပွဲမှ အတန်းပိုင်ဆရာမ ဒေါ်ရွှေရည်မြင့် နှင့် မိုးနှင်းဖြူတို့ ၏  စကား ပြောနေသံကို ကြားလိုက်ရသည်.........။

မိုးနှင်းဖြူ၏ ဒီတစ်ပတ် စားမေးပွဲအတွက် ရလာဒ်တွေက တော်တော် မကောင်းခဲ့တာ နှောင်ကြိုး သိသည်...............။

သချာၤ အိမ်စာ စာအုပ်တွေကို သချာၤဆရာမ၏ စားပွဲထက်သို့ သေချာ တင်လိုက်ရင်း နှောင်ကြိုးပြန်အလှည့်တွင် ဒေါ်ရွှေရည်မြင့်က လှမ်းခေါ်လေသည်..........။

“နှောင်ကြိုး သမီး ဒီနားကို ခန လာအုံး...........။”

“နှောင်ကြိုး သမီး နဲ့ ခြူးနှင်း တို့ကို တီချယ် လာမယ့် အပတ်   မြို့ နယ် ထူးချွန်စာမေးပွဲအတွက် ပြင်ဆင်ခိုင်းထားတာ အဆင်သင့်ဖြစ်ပြီလားသမီး...........။”

“ဟုတ်ကဲ့ တီချယ် ............။”

“အေးအေး ကောင်းတယ်..........။
သမီး တို့ လိုအပ်တာ တစ်ခုခု ရှိရင်လည်း တီချယ်တို့ကို ပြောပြီး အကူညီတောင်းလို့ရတယ်နော် သမီး...........။
တီချယ်တို့ ကျောင်းဂုဏ်တက်အောင် သမီးတို့ပဲ ကြိုးစားပေးရမှာ................။”

“ဟုတ်ကဲ့ တီချယ် သမီး အကောင်းဆုံးကြိုးစားပါ့မယ်............။”

“ကဲဒါဆိုလည်း သမီးတို့တွေ သွားလို့ရပြီ...........။”

နှောင်ကြိုး မိုးနှင်းဖြူ နှင့်  နှစ်ယောက် အတူ ဆရာမ များ နားနေခန်းမှ ထွက်လာခဲ့ကြသည်.........။ နံဘေးသို့ မသိမသာ စောင်းငဲ့ကြည့်လိုက်စဉ် မျက်ရည်လေး ဝဲတဲတဲနှင့် မိုးနှင်းဖြူကို တွေ့လိုက်ရတော့ စိတ်မကောင်း.............။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ