Chapter(21)(U&Z)

1.5K 134 0
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

Chapter (21)

ဖုန်းကိုကောက်ကိုင်လိုက်ချိန်တွင်နှောင်ကြိုး အသံ လေးက ထွက်ပေါ်လာခဲ့သည်........။

“ကိုကို နင်ဘာလုပ်နေလဲ............။
နင်အားရင် ငါတို့ မနက်ဖြန် ရုပ်ရှင် သွားကြည့်ကြမလား...........။”

“ငါမနက်ဖြန်မအားဘူး နှောင်ကြိုး.........။
Channel F ရဲ့ ကျန်းမာသုတအဖြာဖြာ အစီစဉ် ရိုက်ကူးရေးကိုငါသွားရမယ်.............။”

အာ ဟုတ်သား........။
မနက်ဖြန်က ကိုကိုရဲ့ ပထမဆုံး ရိုက်ကူးရေးနေ့ပဲ............။
နှောင်ကြိုးမေ့သွားခဲ့တာ..........။
ကိုကို့ ကို Channel F ၏  ကျန်းမာသုတ အဖြာဖြာ အစီစဉ်တွင်  ဆွေးနွေးပြောကြားပေးဖို့ရန်အတွက် ဖိတ်ကြားခြင်းခံထားရသည်...............။

“အေး ငါမေ့သွားလို့ဟ...........။
ဒါနဲ့ နေစမ်းပါအုံး..........။
နင်မနက်ဖြန်ကျရင် ဘာတွေ ဝတ်သွားဖို့စီစဉ်ထားလဲ.............။”

“ဘာကို အထူးတလည် စီစဉ်စရာလိုသေးလို့လဲ............။
ဒီအတိုင်းရှိတာပဲ ကြည့်ကျက်ဝတ်ရုံပေါ့.............။”

“အဲ့လိုဖြစ်မှာကို ငါသိနေတယ်.............။
တီဗွီထဲမှာ ပါလာမှာလေဟယ်.........။
နင်အခုအားတယ်မလား.............။ ငါလာခေါ်မယ်............။”

“ဘယ်သွားမို့လဲ..............။”

“ရှော့ပင်းလေဟာ............။”

နှောင်ကြိုး၏အတွင်းဆွဲခေါ်လာမှုကြောင့်သာ ရောက်လာရသည်.............။ ကိုကိုကတော့ အခုလို လျှောက်ပတ်ကြည့်ကာ ရွေးချယ်စိစစ်ဝယ်ယူနေရတာမျိုးကို စိတ်သိပ်မရှည်.............။
ဒါကြောင့်လည်း လိုအပ်မှသာ ဈေးဝယ်ထွက်ပြီး ရှေ့ဆုံးက ဆိုင်မှာ တွေ့တာကို ကိုယ်နှင့်တော်လျှင် ကောက်ဝယ်လာလိုက်တာများသည်............။

ဝတ်ကြည့်လိုက် ၊ မှန်ကြည့်လိုက် ၊ ဘယ်အရောင် ၊ ဘယ် ဒီဇိုင်းဆိုတာမျိုး သိပ်ရွေးချယ်မနေ..........။
ကိုကို ဝတ်နေကြကလည်း  တီရှပ်ပွပွ တွေသာ.............။

နှောင်ကြိုးကတော့ ထိုသို့မဟုတ်.............။
ကိုကို့ကိုဆွဲခေါ်လာပြီးလျှင် သူဝယ်နေကျဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်............။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Tempat cerita menjadi hidup. Temukan sekarang