Chapter(27)(Final Part)(U&Z)

3.2K 175 4
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

Chapter(27)

နှောင်ကြိုး H&K စားသောက်ဆိုင်၏ အပေါ်ဆုံးထပ်တွင် ထိုင်စောင့်နေလိုက်သည်.............။

ကြိုတင် ဘိုကင်ယူထားသော ထို အခန်းတွင် ထိုင်နေရင်း နှောင်ကြိုး တွေးတောနေခဲ့မိသည်........။
နှောင်ကြိုး တစ်ဘဝလုံးစာ အတွက် ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက် တစ်ခုကို နှောင်ကြိုး ချမှတ်ခဲ့ကာ ဒီနေရာကို ရောက်လာခဲ့တာဖြစ်သည်............။

ဒီအတွက် နှောင်ကြိုး နောင်တမရဘူး..........။
နှောင်ကြုးိ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်တစ်ခုအတွက် နှောင်ကြိး ရင်ဆိုင်ရမှာတွေ အများကြီးရှိသည်...........။
ဖြတ်ကျော်ရမှာတွေ အများကြီးရှိသည်............။
နှောင်ကြိုး ရင်ဆိုင်သွားမှာပါ............။

ခနအကြာတွင် ကိုခန့်မင်းနောင်ရောက်ရှိလာခဲ့သည်...........။

“နှောင်ကြိုး စောင့်နေရတာ ကြာသွားလား..........။
ဆောရီးကွာ ကိုယ် ဒီလာခါနီးကျမှ အလုပ်ကိစ္စ အရေးပေါ်ဖြစ်လာလို့ နည်းနည်း ကြာသွားတယ်..........။”

“ရပါတယ် ..........။
နှောင်ကြိုးလည်းရောက်နေတာ သိပ်မကြာသေးပါဘူး.............။”

“ဟုတ်လား .......။ ဒါဆို တော်သေးတာပေါ့...........။
နှောင်ကြိုး ဘာမှာ မလဲ...........။ ဘာစားချင်လဲ...........။”

မီနူးကိုကြည့်ရင်း ကိုခန့်မင်းနောင် မေးလာခဲ့သည်............။

“ဟင့်အင်း  ရတယ်..........။
နှောင်ကြိုး မစားတော့ဘူး............။
တကယ်တော့ နှောင်ကြိုး ကိုခန့်မင်းနောင်ကို ပြောစရာ ရှိလို့ ချိန်းဆိုလိုက်တာပါ..............။”

“နှောင်ကြိုးလေးက ကိုယ့်ကို ဘာပြောချင်လို့လဲ...........။”

နှောင်ကြိုး ကိုခန့်မင်းနောင်၏မျက်နှာကို အားနာစွာ ကြည့်မိသည်............။
နှောင်ကြိုး တကယ် စိတ်မကောင်းဖြစ်မိသည်...............။
ဒါပေမယ့်...........။

“နှောင်ကြိုးတို့ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ချင်တယ် ကိုခန့်မင်းနောင်............။”

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ