Unicode//
For zawgyi users, please scroll down the page😘😘.
ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်
Chapter (13)
ချစ်စရာကောင်းသည့် ဆိုင်အပြင်ဆင် ၊ ပျံ့လွင့်နေသည့် ကော်ဖီနံ့သင်းသင်းလေးနှင့်အတူ ဂီတသံ ညိမ့်ညိမ့်လေးထွက်နေသည့် ကော်ဖီဆိုင်လေး က သပ်ရပ်လှပလှသည်............။
အေးအေးဆေးဆေး နားအေးပါးအေး လေး လာထိုင်စားသောက်ကောင်းဖို့သည့်နေရာလေးတစ်ခု............။
စုံတွဲတွေအတွက်လည်း ရိုဆန်ဆန်ဖြင့်ရိုလို့ကောင်းမယ့်နေရာလေးတစ်ခု............။ဆိုင်အတွင်း၌ထိုင်နေကြသူအများစုမှာ စုံတွဲများသာ..............။
တစ်ယောက်တည်းထိုင်နေတဲ့ သူတွေ လည်း ရှိကြသည်.............။
ကြည့်ရတာ နှောင်ကြိုုးတို့လို rs မရှိရှာသည့် single တွေ ထင်တယ် ဟီးဟီး.............။နှောင်ကြိုးဆိုင်လေးကို သဘောကျစွာလှည့်ပတ်ကြည့်လိုက်ရင်း
“အံမယ် ကိုကို နင်က ဟိုမှာ နေနေပြီး ဒီလို ဆိုင်တွေကိုလည်း သိနေတာပဲလား...........။ ရန်ကုန်မှာ နေနေတဲ့ငါတောင် ဒီဆိုင်ကို မသိဘူး...........။”
“နင်က အိမ်တွင်းပုန်းလေး လုပ်နေတာကိုး နှောင်ကြိုးရ..............။
င့ါမှာ ကအဆက်သွယ်တွေ အများကြီး ရှိတယ်လေ..............။”“အေးပါ အေးပါ နင့်ကို မပြောတော့ဘူး.............။”
နှောင်ကြိုး ကိုကို မှာသလို Expresso တစ်ခွက်မှာ ယူလိုက်ရင်း တစ်ငုံသောက်ကြည့်လိုက် စဉ် ပါးစပ် မှ ဖွီးခနဲ ပင် ကော်ဖီတွေ ပြန်ထွက်တော့မတတ်...........။
“အမလေး ကိုကို ခါးလိုက်တာဟာ...........။”
“ဟဟ ဖြစ်ရလေ နှောင်ကြိုးရယ်............။
ရော့ အခါးပြေသွားအောင် စားလိုက်..............။”ကိုကို နှောင်ကြိုးရှေ့သို့ တွန်းရွေ့ပေးလာသည့် ချိစ် ကိတ်ချိုချိုလေးကို ဇွန်းနှင့် အမြန်ခပ်ယူစားလိုက်မှ ပါးစပ်ထဲ စွဲနေသည့် အခါးအရသာက ပျောက်သွားသည်.............။
“ငါ မနက်ဖြန် US ပြန်တော့မှာ နှောင်ကြိုး.............။”
“ဟင် ချက်ချင်းကြီး............။
ရောက်တာ ဘယ်နှရက်မှတောင် မရှိသေးဘူးကိုကိုရယ်............။
နည်းနည်းကြာကြာလေး နေပါလားဟင်.............။”
YOU ARE READING
ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)
RomanceUnicode// ❤️❤️အချစ်တစ်ခုအတွက် သတ်မှတ်ချက်တွေ ကန့်သတ်ချက်ဆိုတာတွေ ဟာ တကယ် ချစ်မိသွားခဲ့ပြီဆိုရင် မလိုအပ်တော့ပါဘူး..........။ ချစ်ခြင်းသံဇဉ်လေးတစ်ခု လှပစွာ ထွက်ပေါ်လာဖို့ရာ ကာရံညီတဲ့ နှလုံးသား တစ်စုံသာ လိုအပ်သည်။🌹🌹 Zawgyi// ❤️❤️အခ်စ္တစ္ခုအတြက္ သတ္မ...