Extra-1

2.4K 150 4
                                    

Unicode//


For zawgyi users, please scroll down the page.


ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

Extra-1

အတိတ်နေ့ရက်များဆီမှ ငါတို့ရဲ့ အမှတ်တရများ


အတိတ်နေ့ရက်များဆီမှ

အမှုမဲ့ အမှတ်မဲ့

အဖြစ်ပျက်တွေက

ငါတို့ရဲ့လှပတဲ့အမှတ်တရတွေ

ဖြစ်လာခဲ့တယ်

ငါ၏ချစ်ရသူ..................။

**********************

အတိတ်.................။

အိမ်အပြင်ဘက်တွင် မိုးလေးများက တဖွဲဖွဲဖြင့်ကျဆင်းလျက်.............။

သင်္ကြန်ခါတော် အချိန်ခါ ကုန်လွန်စ နှစ်သစ်တို့အစပျိုးချိန်................။

ပူပြင်းလှတဲ့ နွေဥတုပင်ဖြစ်သော်လည်း မိုး၏အရိပ်အငွေ့တို့ က အနည်းငယ် စွက်လာနေလေသည်..............။

မေလ ပထမအပတ်မှ စ၍ ကိုကိုတို့တွေ အဆောင်နေရတော့မှာဖြစ်သည်...........။

မတ်လနှင့် ဧပြီ နှစ်လကတော့ အိမ်မှာပဲ နေ၍ ကျူရှင်သွားတက်နေရုံလောက်နဲ့ရသော်လည်း တက္ကသိုလ် ဝင်တန်း ဆယ်တန်းနှစ်တက်ရောက်ရမည်ဖြစ်သည့် ဒီနှစ်တွင် မေလပထမအပတ်မှ စ အဆောင်တွင်သွားနေရတော့မည်ဖြစ်သည်...............။

ဒါကြောင့်လည်း အိမ်မှာနေတုန်း ရတုန်းရခိုက်အချိန်လေးတွေမှာ ကိုကို နေမြင့်သည်ထိ အိပ်ရာမှ မထဘဲ အိပ်ရာထက်တွင်လူးလှိမ့်ရင်း အိပ်ကောင်းတုန်း................။

အဆောင်မှာ သွားနေရတဲ့ အချိန်ကျရင် အခုလို နေမြင့်အောင် အိပ်ရတော့မှာ မဟုတ်...............။

ကုတင်ဘေးရှိ စာကြည့်စားပွဲပေါ်မှ မြည်လာသော နှိုးစက်ကို အိပ်ချင်မူးတူးဖြင့် လှမ်းပိတ်လိုက်သည်...............။

ဒီကနေ့က တနင်္ဂနွေနေ့ဖြစ်လို့ မနက်ပိုင်းကျူရှင်မရှိ..............။

ဒီတော့ အိပ်ရာထဲမှာ အေးဆေးနှပ်နေလို့ရသည်..............။

မိုးကလည်း အေးအေးလေးနဲ့ဆိုတော့ အိပ်လို့က အရမ်းကောင်းနေခဲ့သည်...............။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Where stories live. Discover now