Chapter(20)(U&Z)

1.6K 139 0
                                    

Unicode//

for zawgyi users, please scroll down the page😘😘.

ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

chapter(20)

နှောင်ကြိုးတို့ ရောက်သွားချိန်တွင် ညနေပင်စောင်းနေပြီဖြစ်သည်................။ တည်းခိုရိပ်သာတွင်တည်းခိုရန်ကိုကိုက  အခန်းယူလိုက်သည်...........။

ခြေတံရှည်အိမ်လေးတွေ ဖြစ်ပြီး တစ်အိမ်နှစ်ခန်းသာပါရှိသည့် အိမ်လေးမျိုး............။

ဘေးချင်းကပ် ပျဉ်နံရံ တစ်ခုသာ ခြားသည့် ခပ်ကျဉ်းကျဉ်းအခန်းလေးတွေ............။ မကျဉ်းမကျယ် နှစ်ယောက်အခန်းတစ်ခု နှင့် တစ်ယောက်အိပ်အခန်းငယ်တစ်ခု.................။

ခရစ္စတင်း ကို တစ်ယောက်ခန်းပေးလိုက်ပြီး ကိုကိုနှင့် နှောင်ကြိုးက နှစ်ယောက်ခန်းလေးကို ယူလိုက်ကြသည်..............။

ညနေစာ စားပြီးချိန် ဘာမှလုပ်စရာမရှိတော့ ခရီးပန်းလာကြ၍ကိုယ်စီ တည်းခိုရန် အခန်းငယ်တွေဆီသို့ပြန်လာခဲ့ကြသည်............။

လရောင်ဆမ်းသော အင်းလေး ကန်ရေပြင်ကြီးသည်ကား ရွှေမှုန်ပျပျ ပက်ကျဲ ထားသလို............။
ပတ်ချာလည် ဝန်းရံထားသော တောင်ကုန်းများထက်ရှိ စေတီငယ်များ မှ မီးရောင်များသည် လင်းလက်လျက်..........။
ကြယ်စုံ သော အင်းလေးကောင်းကင်ယံသည် ကြယ်ရောင် တဖြတ်ဖြတ်လက်လျက်ရှိနေလေသည်.............။

တစ်ခါတစ်ရံ ခုတ်မောင်းသွားသည့် မော်တော်စက်သံ မှ လွဲ ဝန်းကျင်တစ်ခွင်သည်တိတ်ဆိတ်ငြိမ်သက်လျက်...............။

နှောင်ကြိုး ပြတင်းတံခါး တွင် မေးတင်ရင်း အင်းလေးကန်ရေပြင်၏ အေးချမ်းဖွယ် ညအလှကို ခံစားကြည့်ရှုနေမိသည်..............။

“နှောင်ကြိုး မအိပ်သေးဘူးလား............။”

“မအိပ်သေးဘူး.........။
ငါခနထိုင်ကြည့်လိုက်အုံးမယ်............။”

“အင်း သိပ်လည်း ညနက်အောင်မနေနဲ့အုံး............။
မနက်ကျရင် စောစောထရအုံးမှာ..........။”

“အင်း .....။”

နှစ်ယောက်အိပ် ကုတင်တစ်ဖက်စွန်းတွင် မျက်လုံး မှိတ်ကာ အိပ်နေပြီဖြစ်သည့် ကိုကို့ကို နှောင်ကြိုး ခေါင်းညိမ့်ပြလိုက်ရင်း ပြတင်းတံခါး အပြင်ဘက်မှ မြင်ကွင်း ကို ဆက်ကြည့်နေမိသည်...........။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Donde viven las historias. Descúbrelo ahora