Chapter(3)(U&Z)

1.9K 173 0
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရန်ညီ နှလုံးသားတစ်စုံ၏ချစ်ခြင်းသံစဉ်

Chapter (3)

နောက်ပိုင်းကျောင်းလာတိုင်းနှောင်ကြိုးက ကိုကို့အတွက်ပါ ထမင်းတွေ ၊ ဟင်းတွေ ပိုပိုယူလာတတ်သည်……….။

နောက်ပြီး တစ်ခါတစ်ရံ မြန်မာအစားစာ သရေစာ မုန့်တွေ ပါယူလာပေးခဲ့ပြီး ဒါကို ဘယ်လို ခေါ်တယ် ၊ ဘယ်ဒေသ က ထွက်တာ ၊ ဘယ်လို စသဖြင့် ပါ တစ်ခါတည်းရှင်းပြပေးတတ်ခဲ့သည်…………။

အခုမှ ပထမဆုံးစ စားဖူးသည့်ကိုကို့အတွက် အရသာ အသစ်ဆန်းတွေနှင့် နေရာဒေသ အသစ်တွေ အကြောင်းနှင့် မြန်မာ့ရိုးရာ ဓလေ့ တွေကိုပါ တစ်ခါတည်း စိတ်ဝင်စားဖွယ် သိရှိမိသည်…………။

မျက်ဝန်းလေးတွေက တဖြတ်ဖြတ်အရောင်တောက်လျက် ဝမ်းသာအားရ စိတ်အားထက်သန်စွာဖြင့်လှိုက်လှိုက်လှဲလှဲ ပြောပြပေးတတ်သည့် နှောင်ကြိုးကြောင့် မြန်မာ့ ဇာတ်သဘင်အကြောင်းတွေ ………..၊ မြန်မာ့ယဉ်ကျေးမှုတွေ အကြောင်းကို ကိုကို ပိုသိလာခဲ့ရသည်…………။

အတန်းပြီး ကြောင်း အချက်ပြသည့် ခေါင်းလောင်းသံ မြည်လာချိန်တွင် သချာၤ ဆရာမ  ဒေါ် မြမြသန်းမှ စာရှင်းပြအပြီးကျောင်းသားများဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်ရင်း...........

“ ဒီနေ့ သင်ပေးလိုက်တဲ့ ပုစ္ဆာတွေ နားလည်ကြတယ်မလား ကလေးတို့………..။
ဒါဆို အခန်း ၃ က ပုစ္ဆာနံ ပါတ် ၁ ကနေ ၅ ထိကို အိမ်စာလုပ်လာပြီး မနက်ဖြန် ဆရာမ စားပွဲမှာ လာတင်လိုက်ကြနော်ကလေးတို့…………..။”

“ဟုတ်ကဲ့ ဆရာမ!!……………။”

“ဒါဆို ဆရာမ သွားပြီ…………….။”

“ကျေးဇူးတင်ပါတယ် ဆရာမ!!........။”

ဆရာမ ထွက်သွားချိန်တွင် နှောင်ကြိုးက မျက်နှာလေးမဲ့လျက်ဆိုလာသည်……………။

“သေချင်တာပဲ …………။
ဆရာမ နောက်ဆုံး ရှင်းပြပေးသွားတဲ့ ပုစ္ဆာ ငါသိပ်နားမလည်လိုက်ဘူး …………….။
မနက်ဖြန် အိမ်စာ ကို ဘယ်လို လုပ်လာရတော့မလဲ……………။”

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Where stories live. Discover now