Unicode//
For zawgyi users, please scroll down the page😘😘.
ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်
Chapter(12)
မနက် ငါးနာရီ ဘုရားရှိခိုးပြီးတဲ့ အချိန် နှောင်ကြိုး အခန်းထဲသို့ ပြန်လာခဲ့သည်...........။
ရေမိုးချိုးပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရတော့မည်ဖြစ်သည်............။
ဒီနေ့က နှောင်ကြိုးရဲ့ဘွဲ့ယူရမည့်နေ့............။
နှောင်ကြိုးဘဝအတွက် အရေးပါသည့်နေ့ရက်တွေထဲက တစ်နေ့ဖြစ်သည့် ဒီနေ့လိုနေ့မျိုးမှာတော့ ကိုကို့ကို နှောင်ကြိုးနှင့်အတူတူ ရှိနေစေချင်မိသား...........။ဒါပေမယ့် ကိုကိုကမအားလပ်လို့ မရောက်လာနိုင်ဘူးဆိုမှတော့လည်း ဘယ်တတ်နိုင်ပါတော့မလဲနော်................။
အခန်းထဲမှာဝင်ထိုင်နေတုန်း နှောင်ကြိုးရဲ့ အခန်းတံခါး ခေါက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်..............။
နှောင်ကြိုး စိတ်ရှုပ်စွာဖြင့်တံခါးထံသို့ အကြည့်ပို့မိသည်...............။
ဒီအိမ်မှာ ဘယ်သူမှ ဘွားဘွားကြီးအမိန့်ကိုမလွန်ဆန်ရဲလို့ တံခါးကို ဒီလို တဒေါင်ဒေါင်နဲ့ အသံတွေဆူညံစွာ မြည်နေအောင်ခေါက်ရဲမည်မဟုတ်..............။ဘယ်သူများပါလိမ့်.............။
အသစ်ရောက်လာတဲ့ အိမ်အကူတွေထဲက တစ်ယောက်ယောက်များလား............။“ဝင်ခဲ့လေ......။”
“Congratulations နှောင်ကြိုး.............။”
နှောင်ကြိုးရဲ့ နောက်နားဆီမှ ထွက်ပေါ်လာသည့် ကိုကို့အသံချိုချိုကြည်ကြည်လေး................။
နှောင်ကြိုး အလျင်မြန်နောက်လှည့်ကြည့်လိုက်တော့...............။
ဘွ့ဲဝတ်စုံ ဝတ်ဆင်ထားသည့် အဝါရောင်ဝက်ဝံရုပ်လေးတစ်ရုပ် နှင့် ဘွဲ့ဝတ်စုံမှ ဘွဲ့ဦးထုပ် ၊ စာလိပ်သဏ္ဍာန်လေးများဖြင့် ပုံဖော်ထားသည့် ကိတ်မုန့်လေး ကို ကိုင်ရင်း ရပ်နေသည့် ကိုကို..............။အမြင်များမှားတာလားလို့သေချာအောင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်လုံးတို့ကို လက်အစုံဖြင့် ပွတ်သပ်ရင်း သေချာစွာပြန်ကြည့်လိုက်မိသည်..............။
![](https://img.wattpad.com/cover/277759014-288-k473746.jpg)
BINABASA MO ANG
ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)
RomanceUnicode// ❤️❤️အချစ်တစ်ခုအတွက် သတ်မှတ်ချက်တွေ ကန့်သတ်ချက်ဆိုတာတွေ ဟာ တကယ် ချစ်မိသွားခဲ့ပြီဆိုရင် မလိုအပ်တော့ပါဘူး..........။ ချစ်ခြင်းသံဇဉ်လေးတစ်ခု လှပစွာ ထွက်ပေါ်လာဖို့ရာ ကာရံညီတဲ့ နှလုံးသား တစ်စုံသာ လိုအပ်သည်။🌹🌹 Zawgyi// ❤️❤️အခ်စ္တစ္ခုအတြက္ သတ္မ...