Chapter(7)(U&Z)

1.6K 162 0
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရန်ညီ နှလုံးသားတစ်စုံ၏ချစ်ခြင်းသံစဉ်

Chapter (7)

“ ကိုကို ငါ အိမ်ခန ပြန်ဖြစ်မယ်.............။
ညနေ ကျရင်ပြန်လာမယ်............။”

“အင်း သွားလေ.............။”

စနေနေ့ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် နှောင်ကြိုးက အိမ်ခနပြန်ချင်သည်ဟု ဆိုကာ အိမ်ပြန်သွားသဖြင့် ကိုကို တစ်ယောက်တည်းသာ စာကျက်ဝိုင်းသို့ သွားလိုက်သည်.............။

ကျောင်းပိတ်ရက်တွေမှာ မနက် ကိုးနာရီ မှ ည ကိုးနာရီ ထိ  ကိုကိုတို့လို ဆယ်တန်းတွေ အတွက် ကျောင်းမှ စီစဉ်ပေးထားသော သီးသန့် ဂိုက်များနှင့် စာကျက်ဝိုင်းဖြစ်သည်.............။

ညနေ ငါးနာရီ ထိုးတော့ ကိုကို စာအုပ်တွေကို သိမ်းဆည်းကာ လွယ်အိတ်တွင်း ထည့်လိုက်ရင်း ကျောင်းမှ ပြဌာန်းထားသော စည်းကမ်းချက်များအတိုင်း ဂိုက်ဆရာမအား အသိပေးပြီး  လက်မှတ်ထိုးကာ  အဆောင်ခန်းသို့ ပြန်လာဖြစ်သည်............။

အဆောင်ခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်ချိန်တွင် တစ်ခန်းလုံး အမှောင်ဖုံးလျက်.........။ နှောင်ကြိုးက အခုချိန်ထိ ပြန်မရောက်သေးဘူးလား..............။
တစ်ညအိပ်ပြီး တနင်္ဂနွေနေ့မှ ပြန်လာမယ် လို့များ စိတ်ကူးထားတာများလား............။
ခွင့်တိုင်ပြီးတော့ သွားလား မသိ..........။

ကိုကိုတို့ ကျောင်းစည်းကမ်းအရ အဆောင်ပြင်ဘက်တွင် ညအိပ်လိုလျှင် အဆောင်မှူးအားခွင့်တိုင်ရပြီး ခွင့်ပြုမှသာ အိမ်ပြန်အိပ်ခွင့်ရှိသည် မို့ နမော်နမဲ့ ဖြင့် မေ့တတ်သည့် နှောင်ကြိုး က ခွင့်များ တိုင်သွားရဲ့လား မသိ.................။

တွေးရင်း အခန်းတွင်းသို့လှမ်းဝင်လိုက်ချိန်ရွီ ခနဲ မြည်သံ တစ်ခုနှင့် အတူ ရွှေရောင် ကြိုးစလေးတွေက ကိုကို့ ကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်...........။

“Happy birthday ကိုကို”

ကိုကို တအံ့တသြဖြင့် မော့ကြည့်ခိုက်  မွေးနေ့ ဆုတောင်း သီချင်းသံလေးနှင့်အတူ မွေးနေ့ ကိတ်မုန့်လေး ပေါ်တွင် ဖယောင်းတိုင် မီးထွန်းညှိကာ အခန်းတွင်းမှထွက်လာသည့် နှောင်ကြိုး...............။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Where stories live. Discover now