Chapter(4)(U&Z)

1.7K 173 0
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရန်ညီ နှလုံးသားတစ်စုံ၏ချစ်ခြင်းသံစဉ်

Chapter (4)

နှောင်ကြိုးက ခနခနဖိတ်ခေါ်သည်မို့ ကိုကို နှောင်ကြိုးတို့အိမ်က ကားဖြင့် နှောင်ကြိုးနှင့်အတူတူ  ကျောင်းသွား ၊ ကျောင်းပြန်အတူတူ လိုက်ပါလေ့ရှိသည်မို့ နောက်ပိုင်းတွင် မာမီ  လိုက်ပို့စရာမလို့တော့………….။

နှောင်ကြိုးနှင့်အတူူတူ စာတွေ အတူတူ လေ့လာရင်း ၊ စာ ရှင်းပြ ရင်း ၊ ဆော့ကစားရင်း ကုန်ဆုံးရသည့် အချိန်တို့ သည် ကိုုကို့အတွက် အနှစ်သက်ရဆုံး ၊ အပျော်ရွှင်ရဆုံး အချိန်တို့ဖြစ်ခဲ့သည်…………..။

ကိုကို အိမ်ပေါ်ထပ်မှ အောက်ထပ်ရှိ ဖုန်းမြည်သံကြောင့် ဖုန်းကိုင်ရန်ဆင်းလာခဲ့သည်…………..။

ဖုန်းကိုယူ၍နားထောင်လိုက်စဉ် တစ်ဖက်မှ နှောင်ကြိုး၏ ရွှင်ပျပျ အသံစာစာလေးက ထွက်ပေါ်လာခဲ့သည်…………..။

“ကိုကို နင်ဘာလုပ်နေလဲ…………..။ နင်အခုအားလား………….။”

“ဘာမှမလုပ်ပါဘူး ဒီအတိုင်းထိုင်နေတာ……..။ အားတယ်………….။”

“ဒါဆို နင် ငါတို့ အိမ်ဘက် လာခဲ့ပါလား…………။
ဘွားဘွားကြီးက ခရီးထွက်သွားလို့ ဖေဖေ က ငါ့ဖို့ ဒန်းဆင်ပေးထားတယ်………….။
အတူတူ စီးရအောင်လာခဲ့ပါလား…………..။”

“အိုကေ ငါလာခဲ့မယ်…………။”

နှောင်ကြိုးက ဒန်း စီးရတာ အရမ်းကြိုက်သည် ။
ကျောင်းမှာ ရှိသည့် အချိန်ဆို ကျောင်းက ဒန်းကို ခန ခနလွှဲကာ စီးနေကျ……………။

အိမ်မှာတော့ ဘွားဘွားကြီးက မိန်းကလေးနှင့် တလွှားလွှားဒန်းစီးတာနှင့်မသင့်တော် ဟူသည့်အကြောင်းပြချက်ဖြင့် ဒန်းစီးခွင့် ပိတ်ပင်ထားသည်မို့ နှောင်ကြိုး မှာ စီးခွင့်မရှိ…………..။

ခြေခံပညာ ဆဌမတန်း အတွက် တစ်နှစ်တာ အဆင့်သတ်မှတ်ချက်တွင် အဆင့်နှစ် ရရှိခဲ့သည့် နှောင်ကြိုးအတွက် ဖေဖေက နှောင်ကြိုးနှစ်သက်သည့် အရာတစ်ခုကိုတောင်းဆိုခွင့်ပြုလာခဲ့သည်……………။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Où les histoires vivent. Découvrez maintenant