Unicode//
For zawgyi users, please scroll down the page😘😘.
ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်
Chapter(10)
ဆယ်တန်းအောင်စာရင်းထွက်မည့်နေ့ တစ်နေ့လုံး စိတ်လှုပ်ရှားစိတ်တို့ကြောင့် လူကထိုင်မရ ထမရ ...............။
မီးသွေးခဲ ဖင်ခု ထိုင်မိသလိုလို အိမ်သာတက်ချင်သလိုလို ဗိုက်ကပဲ ရစ်ချင်သလိုလိုနှင့်..............။စိတ်လှုပ်ရှားစွာဖြင့် ဘေးနားမှ ကိုကို့လက်ကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်..............။
ခပ်လှမ်းလှမ်းမှ ဖုန်းကိုကြည့်ရင်း ဖုန်းမြည်သံကို မျှော်လည်း မျှော်ချင်သည်............။
မမျှော်လည်းမမျှော်ရဲပြန်ဖြင့် ကယောက်ကယက်ဖြစ်နေမိသည်..............။ဖုန်းမြည်သံနှင့်အတူ တီချယ်ဒေါ် နွယ်နွယ်မြင့် ဆီမှ ကြားသိရမည့်အောင်စာရင်း သတင်းကြီးကို နားမထောင်ရဲ...............။
ဖေကြီးကော မေကြီးပါ နှောင်ကြိုးနှင့်အတူ ဖုန်းမျှော်နေမိကြသည်............။
ဒီနေ့မှာတော့ နှောင်ကြိုးက ကိုကို့ကိုပါ နှောင်ကြိုးတို့အိမ်မှာ အတူတူလာအိပ်ဖို့ခေါ်ထားလိုက်သည်.............။အရမ်း စိတ်လှုပ်ရှားနေတဲ့ အချိန် ၊ ကြောက်နေတဲ့ အချိန်တွေ ဘေးနားမှာ ကိုကို ရှိနေလျှင် နည်းနည်းတော့ စိတ်သက်သာရာရမိလို့................။
ညတစ်နာရီ ကျော်တွင် ကလင် ကလင် ဖြင့်မြည်လာသည့် ဖုန်းမြည်သံကြောင့် နှောင်ကြိုး ဆုပ်ကိုင်ထားမိသည့် ကိုကို့လက်ကိုပိုတင်းကျပ်စွာ ဆုပ်ကိုင်မိသည်...............။
ချွေးစေလေးတွေ ထွက်နေသော နှောင်ကြိုးရဲ့ လက်ဖဝါးလေးတွေကို ကိုကိုကအားပေးနှစ်သိမ့်သလို ပြန်လည် ဆုပ်ကိုင်ပေးထားခဲ့လေသည်...............။
“ဟယ်လို”
မေကြီး၏ ဖုန်းကိုင်လိုက်သံ...............။ဖုန်းဖြေဆိုသံ။ ထို့နောက်မေကြီးက ဖုန်းချလိုက်သည်..............။
နှောင်ကြိုး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်.............။
“ဘာလဲ ။ ဘာတဲ့လဲ မေကြီး...............။”
မေကြီးက မျက်နှာ ကို နှောင်ကြိုးတို့ဖက်သို့လှည့်လိုက်ကာ ဝမ်းသားစွာဖြင့်ဆိုလာခဲ့သည်...............။
![](https://img.wattpad.com/cover/277759014-288-k473746.jpg)
YOU ARE READING
ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)
RomanceUnicode// ❤️❤️အချစ်တစ်ခုအတွက် သတ်မှတ်ချက်တွေ ကန့်သတ်ချက်ဆိုတာတွေ ဟာ တကယ် ချစ်မိသွားခဲ့ပြီဆိုရင် မလိုအပ်တော့ပါဘူး..........။ ချစ်ခြင်းသံဇဉ်လေးတစ်ခု လှပစွာ ထွက်ပေါ်လာဖို့ရာ ကာရံညီတဲ့ နှလုံးသား တစ်စုံသာ လိုအပ်သည်။🌹🌹 Zawgyi// ❤️❤️အခ်စ္တစ္ခုအတြက္ သတ္မ...