Chapter(9)(U&Z)

1.4K 149 2
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရန်ညီ နှလုံးသားတစ်စုံ၏ချစ်ခြင်းသံစဉ်

Chapter (9)

Physics ဖြေပြီးလို့စာမေးပွဲခန်းအတွင်းမှ ထွက်လာချိန်တွင် နှောင်ကြိုးကိုဘယ်လိုမှ ရှာမတွေ့တော့............။
ကိုကို စိတ်ပူစွာဖြင့် နေရာအနှံ့လိုက်ရှာမိသည်..............။

အဆောင်နောက်ဖက်က ညောင်ပင်ကြီးအောက်တွင် ဒူးလေးပိုက်ကာ ကြုံ့ကြုံ့လေးထိုင်နေသည့် နှောင်ကြိုးကိုတွေ့မှသာ စိတ်သက်သာရာရစွာ  သက်ပြင်းချရင်းအနားသို့သွားလိုက်သည်............။

“နှောင်ကြိုး..............။”

ကိုကိုတွေ့တော့ မျက်ရည်ဝဲတဲတဲ လေးနှင့်ကြည့်ကာဆိုလာသည်............။

“ကိုကို ငါ ဒီနေ့ physics မဖြေနိုင်ခဲ့ဘူး..........။
ဘယ်လို လုပ်မလဲ ဟင် ငါ D မထွက်နိုင်တော့ဘူးထင်တယ်............။
ငါငါ ဘယ်လို လုပ်သင့်လဲ...........။
မနက်ဖြန် Bio သွားမဖြေဘဲ တစ်နှစ်အကျခံလိုက်ရမလား..............။”

ဒူးလေးပိုက်ကာ တတွတ်တွတ်ရေရွတ်နေသည့် နှောင်ကြိုးရှေ့ဒူးထောက်ထိုင်လိုက်ကာ ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ရင်း

“အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောစမ်းပါနဲ့............။
ဒီတစ်ဘာသာလေးမဖြေနိုင်တာနဲ့ပဲ တစ်နှစ်လုံး ကြိုးစားထားခဲ့သမျှကို သဲထဲရေသွန်ဖြစ်အောင်လုပ်တော့မလို့လား.............။”

“ဒါပေမယ့်..............။”

“ဘာမှ ဒါပေမယ့် မနေနဲ့ နှောင်ကြိုး ငါပြောတာ နားထောင်..........။
နင် physics မဖြေနိုင်ခဲ့လို့ ဘာမှ စိတ်လျော့အားပျက်စရာ မလိုဘူး............။ နင်တစ်ခြားဘာသာတွေကို ကောင်းကောင်းဖြေနိုင်ခဲ့တာပဲ...........။
အခုဖြေပြီးသွားတဲ့ ဘာသာရပ်ကိစ္စကို မေ့ပစ်လိုက်ပြီး မနက်ဖြန်ဖြေရမယ့် Bio ကိုပဲ သေချာအာရုံစိုုက်.............။
တစ်နှစ်လျော်ပစ်လိုက်မယ် ဆိုတဲ့ ရူးမိုက်မိုက်အတွေးတွေကို ယောင်လို့တောင်မတွေးနဲ့..............။
နင်ဒီတစ်နှစ်လုံး ကြိုးစားထားခဲ့သမျှ တွေကို ဒါလေးအတွက်နဲ့ ရေစုန်မျောသွားအောင်လုပ်ပစ်မလို့လား............။
နောက်ပြီး အချိန်တစ်နှစ်ဆိုတာ အရမ်းအဖိုးတန်တယ်...............။
နင် ဒီနှစ်ကို အကျခံလိုက်မယ်ဆို နင့်သူငယ်ချင်းတွေက နင့်ထက်တစ်နှစ်စောပြီး တက္ကသိုလ် ရောက်သွားမယ်..............။
နင့်ထက် တစ်နှစ်စောပြီး ဘွဲ့ရကုန်ကြမယ်..............။
နင့်ထက်တစ်နှစ်စောပြီး လုပ်ငန်းခွင် ဝင် နိုင်ကြမယ်..............။
နင့်ထက် တစ်နှစ်ပို လုပ် ငန်း အတွေ့ကြုံရှိတဲ့ စီနီယာတွေဖြစ်လာကြချိန်မှာ နင်က အငယ်လေးတွေနဲ့အတူတူ ဂျူနီယာလေးဖြစ်နေမှာ ..............။
ငါပြောတာ နားလည်လား နှောင်ကြိုး ................။
အချိန် တစ်နှစ်ဆိုတာ အရမ်းအရေးကြီးတယ်................။
နင်ပဲ အမြဲတမ်း ပြောတယ်မဟုတ်လား.............။ အချိန်ဆိုတာ စက္ကန့်နဲ့ အမျှ တန်ဖိုးရှိတယ်ဆို.......။
နင် တစ်နှစ်လျှော်လိုက်တာနဲ့ နင်တန်ဖိုးထားတဲ့ အချိန် စက္ကန့်ပေါင်း (31536000)  စက္ကန့်ကို ဖြုန်းတီးလိုက်သလို ဖြစ်သွားမှာ...............။
ငါပြောတာနားလည်လား ဒါကြောင့်ရူးရူးမိုက်မိုက်တွေလုပ်ဖို့မစဉ်းစားနဲ့ဟုတ်ပြီလား...............။”

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Where stories live. Discover now