Chapter(15)(U&Z)

1.4K 138 4
                                    

Unicode//

For zawgyi users,please scroll down the page😘😘.

ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

Chapter(15)

တီငယ့့် ကိစ္စတွေ ပြီးကတည်းက ရှုပ်ထွေးနေခဲ့သည့် စိတ်တွေ အလုပ်ကိစ္စတွေနှင့်မအားလပ်ဖြစ်နေခဲ့မိသည်..............။

ထို့ကြောင့် အိကလျာရဲ့ နှောင်ကြိုးရယ် ဒီတစ်ပတ် တနင်္ဂနွေအားလား  အတူတူရှော့ပင်းထွက်ရအောင် ဆိုသည့် အဖော်ညှိလာသည့် စကားကိုု လက်ခံကာ အတူတူ ထွက်လာခဲ့ခြင်းဖြစ်သည်................။

နှောင်ကြိုး သဘောကျသည့် အရာလေးတွေကို ဝယ်ယူ လျှောက်ပတ်ကြည့်နေရင်း ကိုကို့ ကိုသတိရမိသည်............။

ဒီအချိန်မှာ ကိုကိုသာ ရှိနေခဲ့ရင်  ကောင်းမှာပဲ............။
ရုပ်ရှင်လည်းအတူတူ သွားကြည့် ပြီးအတူတူ လျှောက်လည်လို့လည်းရခဲ့မှာ.........။

“နှောင်ကြိုး ဒီကျီ ၤလေး ကြည့်စမ်း ငါနဲ့ လိုက်လား.............။”

အိကလျာ ကိုယ်ပေါ်တွင်  ကပ်ပြလာသည့် ခါးတစ်ဝက်လောက်သာ ရှိသည့် အကျီ ၤလေးကိုကြည့်ကာ နှောင်ကြိုး  ခေါင်းညိမ့်ပြလိုက်သည်...............။

“အင်း မဆိုးပါဘူး............။
အကျီ ၤလေးကတော့ ချစ်စရာလေးပါပဲ..........။
ဒါပေမယ့် ခါး နည်းနည်းတိုနေသလားလို့ .......။
ခါးနည်းနည်းရှည်တာလေး ဆိုပိုကောင်းမယ်..........။
ဒီလိုကြီး ကနည်းနည်း အမြင်မသင့်တော်ဘူးမလား............။”

“အမလေး နှောင်ကြိုးရယ် ..............။
ဒီခေတ်မှာ ဒီလို အတိုလေး တွေ လူတိုင်းဝတ်နေကြတာကို ............။
နင်သာ ခေတ်နောက်ပြန်ဆွဲပြီး ရှေးရိုးဆန်နေတာ.............။
နည်းနည်းပါးပါး လူငယ်ဆန်ဆန် လေးတွေ ဝတ်စားကြည့်ပါလားနှောင်ကြိုးရယ်.............။ နင့်ကြည့်လိုက်တိုင်း အမြဲ မြန်မာ အကျီ ၤ ၊ ထမီ နဲ့ချည်းပဲ ဆိုတော့ဟယ်.............။
အဘွားအိုလေး စတိုင်ဖြစ်နေပြီ နှောင်ကြိုးရဲ့.............။”

ချစ်စုရဲ့ အပြောကို နှောင်ကြိုး ရယ်မောလိုက်ကာ ဘာမှမပြောတော့............။

“အေးပါ နင်တို့ကြိုက်တယ်ဆိုလည်း ပြီးတာပါပဲ........။”

“အိကလျာ ဒီဘောင်းဘီလေး ပါ ငါတို့အတူတူ ဝယ်ရအောင်.............။ ဒီအဘွားအိုလေးကတော့ ဘာမှ အဖော်ညှိလို့ရမှာ မဟုတ်ဘူး.............။
ဒီတော့ နင်နဲ့ ငါပဲ ဆင်တူ ဝယ်ကြမယ်.............။”

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Where stories live. Discover now