Chapter(19)(U&Z)

1.4K 148 3
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

Chapter (19)

ဒီနှစ်ကုန်အသစ်ထုတ်မည့် အဝတ်အစား ဒီဇိုင်း အတွက် ဒီဇိုင်းအဖွဲ့နှင့် ဆွေးနွေးရင်း တစ်နေကုန် အစည်းဝေးခန်းမထဲ ထိုင်နေခဲ့ရသည်မှာ ရုံးဆင်းချိန်ထိတိုင်အောင် .................။

ဟူး နောက်ဆုံး ဆုံးဖြတ်ချက်ချနိုင်သွားခဲ့လို့တော်ပါသေးရဲ့..............။

ဒီဇိုင်းနမူနာလုပ်ဆောင်ရန်အတွက် ပိတ်စ နမူနာ သွားယူရ...........။
ဒီဇိုင်းဌာနတွင် လိုအပ်သည့် ကိစ္စတွေအတွက် ညွှန်ကြားရ ..............။
နှင့် တစ်နေ့လုံး သွားလာလှုပ်ရှားနေရသည့် အပြင် တစ်နေကုန်အောင် အစည်းဝေးခန်းတွင်ပါ ထိုင်နေခဲ့ရသည်မို့လူက ရုံးဆင်း၍ အိမ်ပြန်လာချိန်တွင် လှုပ် ပင်မလှုပ်ချင်တော့သလို............။
ညောင်းချိကာ နုံးခွေ နေပြီ.............။

ကားပေါ်က ဆင်းကာ အိမ်ထဲသို့လှမ်းဝင်ချိန်တွင် ခြံထဲတွင်ရပ်ထားသည့် စိမ်းသက်သည့် ကားအနက်ရောင် တစ်စီး ကိုနှောင်ကြိုးသတိထားမိလိုက်သည်.............။

အိမ်ကကားတော့ မဟုတ်............။
ဧည့်သည်တစ်ယောက်ယောက်များရောက်နေတာလား.............။
ဖေဖေ့ဆီလား ၊ ဘွားဘွားကြီး ဆီလား မသိ..............။
ဘယ်သူ့ဆီပဲ ဖြစ်ဖြစ် မသိချင်တော့ဘူး............။
လူက ပင်ပန်းလှပြီ..............။
ရေလေးချိုးပြီး ညနေစာမြန်မြန် စားပြီး အိပ်ရာပေါ်သို့ပစ်လှဲကာ အိပ်ပစ်လိုက်ချင်ပြီဖြစ်သည်..............။

နှောင်ကြိုး တစ်ချက်စဉ်းစားလိုက်ကာ အိမ်ထဲသို့ ဝင်လာခဲ့သည်.............။

“ဟော သမီး နှောင်ကြိုး ပြန်လာပြီပဲ.............။
ဒီမှာ မောင်ခန့်မင်းနောင် ရောက်နေတာလေ..........။”

မေမေ့အသံနှင့် အိမ်ရှေ့ဧည့်ခန်းထဲမှ နှောင်ကြိုး ကို အပြုံးဖြင့် နှုတ်ဆက်လာသည့် ကိုခန့်မင်းနောင်....................။

လူက ပင်ပန်းလွန်းလို့ နားချင်ပါတယ်ဆိုကာမှ မျက်နှာသိ ဧည်သည့်က အိမ်လာလည်နေတာနှင့်ကြုံနေရသည်..............။
ဒီအတိုင်းကြီး နှုတ်မဆက် စကားမပြန် ဘဲ ဇိုးဇိုးဇတ်ဇတ်နှင့် အိမ်ပေါ် တက်သွားပြန်ရင်လည်း ရိုင်းရာ ကျပြန်အုံးမယ်...............။
တကယ်ပါပဲ စိတ်ကုန်လိုက်တာနော်...............။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)حيث تعيش القصص. اكتشف الآن