Chapter(6)(Z&U)

1.6K 163 0
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရန်ညီ နှလုံးသားတစ်စုံ၏ချစ်ခြင်းသံစဉ်

Chapter (6)

မျက်နှာသစ်ပြီး ရေချိုးခန်းထဲမှ ထွက်လာသည့်တိုင် ထိုင်ရာမှ မထသေးဘဲ စာလုပ်နေတုန်းရှိနေသည့် နှောင်ကြိုးကိုကြည့်ရင်းမေးလိုက်သည်။

“ နှောင်ကြိုးမအိပ်သေးဘူးလား...........။”

“အင်း ငါ သချာၤတွက်နေတာ မပြီးသေးလို့ ကိုကို .............။
နင်အိပ်ချင်ရင် အိပ်တော့လေ...............။”

“အင်း ဒါဆို ငါ အိပ်ပြီ.............။
နင်လည်း အရမ်း ညနောက်ကျအောင်မနေနဲ့တော့နော်............။
အဲ့ဒီပုစ္ဆာတွေ တွက်လို့ပြီးရင် အိပ်တော့...........။”

ပြောသာ ပြောလိုက်ရသည်။
နှောင်ကြိုးက တော်ရုံနဲ့ အိပ်မှာ မဟုတ်တာ သိသည်.............။ လပတ်စာမေးပွဲနီးနေပြီဆိုတော့ စိုးရိမ်မှုတွေဖြင့် ညနက်အောင် စာလုပ်လေ့ရှိသည့်နှောင်ကြိုး .................။

စာမေးပွဲရလဒ်တွေ မကောင်းရင်လည်း ဘွားဘွားကြီး၏ပြစ်တင်ခံရမှာစိုး၍ အရမ်းကြိုးစားနေရှာသည့် နှောင်ကြိုးကို ကြည့်ရင်း  ကိုကို သက်ပြင်းတစ်ချက်ချကာ အိပ်ရာဝင်လိုက်သည်...........။

ညဖက် တရေးနိုးသည့် အချိန် အခန်းထဲမှခပ်မှိန်မှိန်လင်းနေသေးသည့် မီးရောင် ကြောင့် ဘေးသို့ လှမ်းကြည့်လိုက်တော့ စာဖတ်စားပွဲတွင် မှောက်ကာ အိပ်ပျော်နေသည့် နှောင်ကြိုး.............။

အိပ်ရာထက်မှ ထလိုက်ရင်း မှောက်ရက်အိပ်ပျော်နေသည့် နှောင်ကြိုးကိုယ်သေးသေးလေးကို  ပွေ့ယူလိုက်ကာ နံဘေးမှ အိပ်ရာထက်သို့ အသာယာချပေးလိုက်သည်...............။

စောင်လေးကို လွှမ်းခြုံပေးလိုက်တော့ ဗလုံး ဗထွေးဖြင့် ယောင်ယမ်းရေရွတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်...............။

စားပွဲပေါ်မှ ဖတ်လက်စ စာအုပ်တို့ကို စနစ်တကျ သိမ်းဆည်းရင်းမီးပိတ်လိုက်ကာ ကိုကို အိပ်ရာ ထက်သို့ တက်ကာ ပြန်လည် အိပ်စက်လိုက်သည်...........။

မနက် နိုးစက်သံ မြည်လာသည့် အချိန် ကိုကို အိပ်ရာထက်မှ ထကာ ရေချိုးခန်းဝင် သွားတိုက်လိုက်ရင်း မနက်စာသွားဝယ်လိုက်သည်............။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Dove le storie prendono vita. Scoprilo ora