Chapter(25)(U&Z)

1.6K 137 0
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

Chapter(25)

နှောင်ကြိုးနဲ့ ကိုခန့်မင်းနောင်တို့၏ စေ့စပ်ပွဲလေး ကတော့ ပြီးသွားခဲ့ပြီဖြစ်သည်............။
နှစ်ဖက်မိဘလူကြီး ဆုံရာဖြင့် အကျဉ်းရှုံ့သာ ပြုလုပ်ဖြစ်ခဲ့ကြသည်.............။

နောက်နှစ်လအကြာတွင်ကျင်းပလာမည့် မင်္ဂလာပွဲအတွက်ကတော့ နှောင်ကြိုးတို့တွေ ပြင်ဆင်ကာ အလုပ်များရတော့သည်.............။

နှောင်ကြိုး သဘောကတော့ ဘာကိုမှ ကြီးကြီး ကျယ်ကျယ် ခမ်းခမ်းနားနားတွေ မလုပ်လို.............။
ဒီအတိုင်း လူနည်းစုလေးနဲ့ မင်္ဂလာဆွမ်းကျွေးလေးလုပ်ပြီး အဆုံးသတ်လိုက်ချင်သည်...............။

ဒါပေမယ့် နှစ်ဖက်မိဘအ သိုင်းဝိုင်းတွေက ဒီလက်ထပ်ပွဲကို ကြီးကြီး ကျယ်ကျယ် ခမ်းခမ်းနားနားဖြစ်စေချင်ကြသည်..............။

နှောင်ကြိုးအတွက်ကတော့ ဘယ်လို ပဲဖြစ်ဖြစ်  ကိစ္စမရှိတော့............။ ဒီလက်ထပ်ပွဲဆိုတာ က အချစ်တစ်ခုကနေ ဖြစ်ပေါ်လာခဲ့မိတဲ့ အရာတစ်ခုမှ မဟုတ်တာ............။

နူးညံ့စွာဖြစ်တည်ဖူးပွင့်လာသည့်  အချစ်တစ်ခုကို ရက်ရက်စက်စက် ခြေမွ ဖျက်စီးပစ်ဖို့ အတွက် နှောင်ကြိုးကိုယ်တိုင် ဖန်တီးခဲ့တဲ့ လက်နက်တစ်ခုသာ................။

“နှောင်ကြိုး ဒီတစ်ပတ် စနေကျရင် အချိန်ရမလား............။”

“ဘာဖြစ်လို့လဲ ကိုခန့်မင်းနောင်..........။”

“ကိုယ်တို့ အတွက် မင်္ဂလာဝတ်စုံကို စမ်းဝတ်ကြည့်ဖို့လေနှောင်ကြိုး..............။ နှောင်ကြိုး အချိန်ရတယ်ဆို ကိုယ်တို့ သွားကြမယ်လေ............။”

“အော် အင်း ရတယ်လေ..........။
သွားကြတာပေါ့............။”

“နှောင်ကြိုး မင်္ဂလာ ဖိတ်စာ အတွက်  ကိုယ်ပို့ပေးလိုက်တဲ့ ထဲက ဘယ်ဒီဇိုင်းလေးကို နှောင်ကြိုးသဘောကျလဲ............။
ကိုယ်ကတော့ အားလုံးကို သဘောကျနေတော့တာ ဟားဟား ...........။
ဘယ်တစ်ခု ရွေးရမလဲ မသိတော့ဘူးကွာ..............။”

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Tempat cerita menjadi hidup. Temukan sekarang