Chapter(14)(U&Z)

1.4K 146 4
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

Chapter (14)

နှောင်ကြိုး ဘွဲ့ရပြီးသည့်နောက်တွင် သင်တန်းတွေ တက်ရင်း  ဖေဖေက  လုပ်ငန်းအကြောင်းတွေ နားလည်တတ်ကျွမ်းစေရန်အတွက် ကုမ္ပဏီတွင် အလုပ်သင်သဘော ဝင်ရောက်လုပ်ကိုင်ခိုင်းခဲ့သည်မို့ နှောင်ကြိုး ဝင်ရောက်လုပ်ကိုင်နေခဲ့သည်မှာ ယခုဆို တစ်နှစ်ခွဲခန့် ရှိနေခဲ့ပြီဖြစ်သည်................။

စနေနေ့သင်တန်းမှ ပြန်လာချိန် အိမ်ထဲသို့လှမ်းဝင်လိုက်သည်အချိန် ဘွားဘွားကြီးက တီငယ့်ကို ပါးတစ်ချက် ဖြန်းရိုက်ချလိုက်သည့် မြင်ကွင်းနှင့် ကြုံလိုက်ရတာမို့ နှောင်ကြိုး တုန်လှုပ်ကြောင်အစွာ ကြည့်နေမိသည်...............။

“ထိပ်ထားချို ညည်းက အရမ်းတွေ ရဲတင်း ပြီး သတ္တိကောင်းပြနေတယ်ပေါ့လေ...........။
ငါ့ကိုတောင် ပြန်အာခံပြောနေရအောင်ညည်းအကောင် က ဘာတွေများ အဲ့လောက်တော်နေလို့လဲ ဟမ်................။
ပိုက်ဆံ မရှိ  စည်းစိမ်မရှိ သာမန် အညတရ ကျောင်းဆရာ တစ်ယောက်က ညည်းဘဝကို ဂုဏ်မြင့် အောင်ထားပေးနိုင်မယ်လို့ ထင်နေတာလား.................။
အဲ့အကောင် ညည်းအနားကပ်တာကိုက ညည်းရမယ့် အမွေတွေကိုု မျှော်ကိုး ပြီး ရောက်လာတာ..........။
မိန်းမ ထမီနားခိုစားမယ့်ကောင်..............။”

“မောင် က မချမ်းသာပေမယ့် အဲ့လို လူစားမျိုးမဟုတ်ဘူးမေမေ.............။ မေမေမောင့်ရဲ့ကိုယ်ကျင့်သိက္ခာကို မစော်ကားပါနဲ့.............။”

“ညည်းက အချစ်ရူးရူး ပြီး မိုက်လုံးကန်းနေတာ ..............။
အဲ့လိုကောင်မျိုးက ညည်းတို့လို မိန်းကလေးတွေကို စကားချိုချိုတွေနဲ့ လှည့်စားပြီး တစ်လွှာချင်း ခွါပြီးစားသွားမှာ..............။
အဲ့အကောင် ညည်းကို ဘယ်လိုများ  ပြုစားထားလိုက်လို့ ညည်းက ငါအမေကိုတောင် ပြန်ခံပြောနေရတာလဲ. ဟမ်.............။”

“မောင်က ဘာမှ ပြုစားစရာမလိုဘူး.............။
မောင့်ကိုယ်ကျင့်တရား .............။ မောင့်စောင့်ထိန်းတတ်မှု .............။
မောင့်  သိက္ခာ တရား တွေကို ကျွန်မ မြတ်နိုးလို့ ချစ်လို့ မောင့်အနားကို ရောက်အောင် ကျွန်မ ဘက်က အရင် ချည်းကပ်ခဲ့တာ မေမေ...........။
မောင်က ကျွန်မဆီကို ပထမဆုံး ချည်းကပ်လာခဲ့တာ မဟုတ်ဘူး..............။
ကျွန်မကို ဒေါ် ထိပ်ထားတင်ရဲ့ သမီးမှန်းတောင် သိခဲ့တာ မဟုတ်ဘူး..............။”

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Donde viven las historias. Descúbrelo ahora