Unicode//
For zawgyi users, please scroll down the page😘😘.
ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်
Extra-2
Our 100th day anniversary🌹🌹
နေ့လည် break time မို့ ထုံးစံ အတိုင်း နှောင်ကြိုး တို့အဖွဲ့တွေက ဒီနားလေးမှာ ကော်ဖီ သောက်ရင်း ထိုင်စုနေကျ.............။
ထို့ကြောင့် ဒီအချိန်ဆိုလျှင် ကုမ္ပဏီ အတွင်း အတင်း၊ သတင်း အကုန်စုံလေသည်.............။
“အငယ်လေးတွေကိုကြည့်ရတာ တကယ်စိတ်ချမ်းသာစရာပါလားနော်......................။”
စားပွဲပေါ်သို့ဖိုင်တွဲကို ပစ်တင်ရင်း ကော်ဖီခွက်ကို လှမ်းယူကာ မစန္ဒီက ငြီးငြီးငြူငြူဖြင့် ဆိုလာသည်.................။
“ပြည့်ပြည့်တို့ကို ကြည့်လိုက်ပါလားနှောင်ကြိုးရေ.................။
သာယာ ပျော်ရွှင်နေကြတာ................။
ရဲထက်ပိုင်နဲ့ နှစ်ယောက်သားအစတုန်းက တကျက်ကျက်နဲ့ အခုတွဲလည်းတွဲလိုက်ကြရော တပူးပူး တကပ်ကပ်နဲ့ မခွါကို မခွါကြတော့ဘူး...............။”အခုမှ နှောင်ကြိုးတို့ အဖွဲ့ရဲ့ စုံတွဲ ပူပူနွေးနွေးလေးတွေ ဖြစ်သွားကြသည့် ပြည့်ပြည့်တို့ အတွဲ..............။
နှောင်ကြိုးတို့နဲ့ မလှမ်းမကမ်းနားလေး မှာ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ခွံကျွေးကြရင်း ချစ်ကြည်နူးပြနေတော့ ကုမ္ပဏီအတွင်းမှ နှစ်ချို့ အပျိုကြီးရယ် လို့တိတ်တဆိတ်နာမည်ပြောင်ပေးထားခြင်းခံရသည့် မစန္ဒီက မေးငေါ့ပြရင်းဆိုလာခြင်းဖြစ်သည်................။
“မနာလို မဖြစ်စမ်းပါနဲ့ အပျိုကြီးရယ်..........။
ငယ်တုန်းရွယ်တုန်းက တကယ်ကောင်းပါ့လားနော်.................။
စိတ်ကူးတွေ ယဉ်လို့ကောင်း ရူးလို့ကောင်းတဲ့အရွယ်လေးပေါ့...............။
တို့များမှာတော့ အရွယ်ဟိုင်းကြီးတွေကိုဖြစ်လို့.................။
ဒီအရွယ်ရောက်မှတော့ ရိုချင်ပါတယ် ဆိုရင်တောင် ရိုစရာကိုမရှိတော့တာ...............။
ဒါကြောင့် နှောင်ကြိုး လည်း ငါတို့လို အရွယ်မနှောင်းခင် ချစ်သူလေး ဘာလေး ရှာထားအုံး............။
တော်ကြာ ငါတို့လို အရွယ်ဟိုင်းမှ နောင်တရနေမယ်................။”
CZYTASZ
ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)
RomansUnicode// ❤️❤️အချစ်တစ်ခုအတွက် သတ်မှတ်ချက်တွေ ကန့်သတ်ချက်ဆိုတာတွေ ဟာ တကယ် ချစ်မိသွားခဲ့ပြီဆိုရင် မလိုအပ်တော့ပါဘူး..........။ ချစ်ခြင်းသံဇဉ်လေးတစ်ခု လှပစွာ ထွက်ပေါ်လာဖို့ရာ ကာရံညီတဲ့ နှလုံးသား တစ်စုံသာ လိုအပ်သည်။🌹🌹 Zawgyi// ❤️❤️အခ်စ္တစ္ခုအတြက္ သတ္မ...