Chapter(23)(U&Z)

1.5K 135 0
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

Chapter(23)

တစ်နေရာတည်းမှာ အတူတူ ရှိနေကြပေမယ့် ကိုကိုနှင့် မတွေ့ဖြစ်တာတောင် တစ်ပတ်ကျော်ပြီ...............။
တကယ်က နှောင်ကြိုး ကိုကိုနှင့်မဆုုံဖြစ်အောင် ရှောင်နေခဲ့တာ.............။
ကိုကို့ကို ရင်မဆိုင်ရဲဘူး............။
ကိုယ့်လိပ်ပြာကိုယ်မလုံခဲ့လေတော့.............။

အိမ်ထဲသို့လှမ်းဝင်လိုက်စဉ် တစ်ဖက် ခြံစည်းရိုး တစ်နေရာမှ နှောင်ကြိုးရဲ့နာမည်ခေါ်သံကို ကြားလိုက်ရသည်...............။

“နှောင်ကြိုး နှောင်ကြိုး.............။”

ခြံစည်းရိုးပေါ်တွင် ခွကျော်လျက် နှောင်ကြိုးကို လက်ယှက်ခေါ်နေသည့် ကိုကို့တွေ့ချိန်တွင် ပြုံးမိသွားရသည်................။

ကိုကို ဟာလေ အခုပဲ ဘယ်အသက်ရွယ်တောင် ရှိနေပြီလဲ...........။
ဒါပေမယ့် အခုချိန်ထိ ငယ်ငယ်က အကျင့်က မပျောက်နိုင်သေး...............။
ဒါကပဲ ကိုကို့ရဲ့ ချစ်စရာကောင်းနေမှုတစ်ခုလည်း ဖြစ်နေပြန်သေးသည်................။

“ဘာလဲ ကိုကို .............။”

“နင်ဒီတစ်ပတ် တနင်္ဂနွေ အားလား..............။
ငါတို့ ရုပ်ရှင်အတူတူသွားကြည့်ကြမယ်လေ............။
ငါ တို့အတူူတူ ရုပ်ရှင်သွားမကြည့်ဖြစ်တာတောင်ကြာပြီမဟုတ်လား..............။”

“ဒီတစ်ပတ်လား။ ငါမအားလောက်ဘူးကိုကို ..............။
အခုက ကုမ္ပဏီမှာ အလုပ်တွေ အရမ်းရှုပ်နေတာ...............။
ဆောရီးပဲဟာ..............။”

“ရပါတယ်။ ဘယ်တတ်နိုင်မလဲ ............။
နင်မှ မအားတာ.............။
အိုကေလေ နင်အားတဲ့ အချိန်လောက်ကျမှ ငါတို့ အတူတူသွားကြတာပေါ့.............။”

နှောင်ကြိုးရဲ့ ခေါင်းထံသို့ ပုတ်ပေးကာ စကားဆိုလာသည့် ကိုကို့လက်တို့ကို မသိမသာ ရှောင်ဖယ်လိုက်မိရင်း............။

“ဒါဆို ငါ အထဲဝင်တော့မယ်ဟာ...........။
ပင်ပန်းတယ်ဟ...........။ ရေချိုးပြီးနားချင်ပြီ...........။”

“အိုကေလေ..............။”

နှောင်ကြိုး အမြန် အိမ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်............။ နောက်မှ လှမ်းမျှော်ကာ ကြည့်နေမည့် မျက်ဝန်းတစ်စုံကို ရှောင်ဖယ်ရင်း...............။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Where stories live. Discover now