Chapter(16)(U&Z)

1.4K 131 0
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

Chapter (16)

“ကိုကို သိလား..............။
ငါဒီနေ့ ရှော့ပင်းထွက်ရင်း ဒီအရုပ်လေးတွေ့လို့ ဝယ်လာခဲ့တယ်...........။ ကြည့်ကြည့်နင်နဲ့တူတယ်မလား............။”

နှောင်ကြိုး ဝယ်ယူလာခဲ့သည့် ဝက်ဝံရုပ်လေးကို ဖုန်းရှေ့ ထောင်ပြရင်း ဆိုတော့ ကိုကိုက ထိုအရုပ်ကို ကြည့်ကာ သဘောတကျဖြင့် ရယ်မောလာခဲ့သည်............။

“အေးပါ နင်စိတ်ချမ်းသာရင် ပြီးတာပါပဲ.........။
ငါကတော့ ငါ့ကိုယ်ငါ ဝက်ဝံနဲ့ တူတယ်လို့ မထင်ဘူးနော်............။”

“အို ဘာလို့ လဲ ကိုကိုရဲ့ သေချာ  ကြည့်ကြည့်စမ်းပါ ..........။
ဒါလေးက နင်နဲ့ တော်တော်တူပါတယ်ဟ...........။
ငါဒီအရုပ်လေးကို မြင်မြင် ချင်း နင့်ကို ချက်ချင်း တန်းမြင်မိသွားတာ.....ဟဟ...............။”

“အေးပါအေးပါ.............။”

“ကိိုကို နင် ဘယ်လိုနေလဲ............။
စာတွေ ကော ၊ လက်တွေ့ဆင်းရတာတွေကော အရမ်းလုပ်ရလို့ ပင်ပန်းနေပြီလား.............။ နင့်မျက်နှာတောင် ချောင် ကျနေတယ်............။”

ဖုန်းမှ မြင်နေရသည့် ကိုကို့မျက်နှာလေးက နည်းနည်းချောင်ကျ ကာ လူကလည်း ပိန်သွားသည်.............။
အခုချိန်မှာ ကိုကို အရမ်းကို ပင်ပန်းနေမှာပဲ..............။

တစ်ယောက်တည်း နေနေသည့်အတွက် အစားသောက်တွေ ကလည်း ဖြစ်သလို အသင့်စားတွေပဲ စားနေရရှာမှာ.........။
ဘေးနားမှာ ဂရုတစိုက်ဖြင့် လိုက်လုပ်ပေးမည့်သူမှ မရှိရှာတာ..........။

“အင်း နည်းနည်းပေါ့..........။
အရမ်းကြီးတော့ မများပါဘူး...............။”

“အေး နင်အရမ်းကြီး အလွန်အကျွံ့လည်း မလုပ်နဲ့။
  ကိုယ့်ကျန်းမာရေးလည်း ကိုယ်ဂရုစိုက်အုံးနော်...........။”

“အင်းနင်လည်း ဂရုစိုက်နော် နှောင်ကြိုး .............။”

“ဒါနဲ့ကိုကို နင်သိလား ..........။
ငါဒီနေ့ ကုုန်တိုက်မှာ ကလေးမလေး တစ်ယောက် သူ့ဦးလေးနဲ့ လူကွဲသွားလို့ ကူညီပေးရင်းနဲ့တွေ့ခဲ့သေးတယ်.........။
ဟဲ့ ကလေးက ဟယ် တကယ့် အတတ်ကလေး.........။
စကားတတ်သလားမမေးနဲ့...........။
ချစ်စရာလေးပါဟယ်.............။”

“အဲ့တော့ အဲ့ ကလေးလေးကို နင် တော်တော် ချစ်လာတယ်မလား..............။”

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Where stories live. Discover now