Unicode//
For zawgyi users , please scroll down the page😘😘.
ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်
chapter(17)
နှောင်ကြိုး မနက်စာစားပြီး ချိန်တွင် အဆင်သင့်ဖြစ်နေအောင် အမြန်ပြင်ဆင်ထားလိုက်သည်............။
လက်ထဲမှ နာရီကို ငုံ့ကြည့်တော့ အခုမှ ရှစ်နာရီ ပင်မထိုးသေး .............။
ဆယ်နာရီ ဆိုတာ အရမ်း အဝေးကြီးလိုနေသလို ခံစားရသည်.................။လေဆိပ်ကို ဒီလောက်အစောကြီးသွားလည်း ထိုင်စောင့်နေရုံသာ.............။
လေယာဉ်ကဆိုက်ရောက်မှာ မှ မဟုတ်တာ...............။ဒီနေ့က ကိုကို ပြန်လာမယ့်နေ့ မိို့ နှောင်ကြိုးအရမ်းပျော်နေသည်...........။
ကိုကို့ ကိုတွေ့ချင်စိတ်တွေ အရမ်း လောကြီးနေမိတာမို့ စောင့်ရမှာ စိတ်မရှည်နိုင်တော့..............။ဦးမောင်နှင့်အတူ လေဆိပ်သို့ထွက်လာခဲ့သည်............။
ကိုကို့မာမီကတော့ အလုပ်ကိစ္စ ချိန်းဆိုထားမှုတစ်ခုကြောင့် လေဆိပ်သို့ အတူ လိုက်ပါနိုင်ခဲ့ခြင်းမရှိ.............။တဝီဝီ သွားနေသော ကား ကိုပင် နှေးသလို နှောင်ကြိုး စိတ်ထဲ ထင်နေမိသည်...........။ တစ်စက္ကန့် ကုန်လွန်ဖို့ အလွန်ကြာမြင့်နေသော အချိန် စက်ဝန်းကြီးကို စိတ်တိုမိသည်.............။
ပြတင်းတံခါး ဖွင့်ထားသော ကားပေါ်မှ တရိပ်ရိပ်ဖြင့် ဖြတ်ပြေးရင်းတွေ့မြင်နေရသည့် တရိပ်ရိပ်ပုံရိပ်တွေကို လက်မေးထောက်ကြည့်ရင်း လိုက်ပါလာမိသည်..............။
လေဆိပ်တွင်လည်း ကိုကို ထွက်လာမည့် ဘက်သို့ ခနခန အကြည့်တို့ရောက်နေမိသည်............။
လည်ပင်းတမျှော်မျှော်ဖြင့်ကြည့်နေမိသည့် နှောင်ကြိုးက ကုလားအုတ်ငယ်လေးပင်ဖြစ်နေပြီ..............။
လူတွေ တစ်သုတ်ပြီး တစ်သုတ် ထွက်လာကြသည်............။
ထိုလူများထဲတွင် ကိုကိုများပါလာမလား မျှော်လင့်ချက်ဖြင့် အကြည့် တို့ရောက်သွားစဉ် ကိုကို့မတွေ့လျှင် စိတ်ပျက်လိုက် နောက်ထပ် လူတစ်အုပ်တွင်များ ပါလာမလား လို့ မျှော်လင့်ရင်း ခေါင်းလေး ရှေ့တိုးပြီး တမျှော်မျှော်ဖြစ်နေသည့် နှောင်ကြိုးကြောင့် ဦးမောင်ပင် ကွမ်းလေးမြုံ့ရင်း ပြုံးမိသွားရသည်..............။
YOU ARE READING
ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)
RomanceUnicode// ❤️❤️အချစ်တစ်ခုအတွက် သတ်မှတ်ချက်တွေ ကန့်သတ်ချက်ဆိုတာတွေ ဟာ တကယ် ချစ်မိသွားခဲ့ပြီဆိုရင် မလိုအပ်တော့ပါဘူး..........။ ချစ်ခြင်းသံဇဉ်လေးတစ်ခု လှပစွာ ထွက်ပေါ်လာဖို့ရာ ကာရံညီတဲ့ နှလုံးသား တစ်စုံသာ လိုအပ်သည်။🌹🌹 Zawgyi// ❤️❤️အခ်စ္တစ္ခုအတြက္ သတ္မ...