Chapter(11)(U&Z)

1.5K 145 0
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရံညီ နှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

Chapter(11)

ဆေးရုံခန်းတံခါးကို အသာစေ့ပိတ်လိုက်ရင်း နှောင်ကြိုး အပြင်ဘက်သို့ ပြေးထွက်လာခဲ့မိသည်............။

အပြင်ဘက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် တားဆီးထိန်းချုပ်ထားသမျှ မျက်ရည်တို့သည်ပါးပြင်ထက်သို့ တရစပ် စီးကျလာတော့သည်...........။

မျက်ရည်နှင့်အတူ ထွက်ပေါ်လာမည့် နှောင်ကြိုး၏ ရှိုက်သံကို ဘိုးဘိုး ကြားသွားမှာ စိုးသည့်စိတ်ဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ခပ်ဝေးဝေးက လှေကားထောင့်သို့ ပြေးသွားလိုက်ရင်းလှေကားတိုင်ကို ကိုင်ကာထိုင်ချလိုက်သည်...........။

နှောင်ကြိုး မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်လျက် ရှိုက်ကြီးတငင်ငိုကြွေးမိသည်............။

ဖေဖေရဲ့ အဖေ ဘိုးဘိုး ဦးစောအောင်က နှောင်ကြိုး တို့ကိုသိပ်မကြာခင်မှာ ခွဲသွားတော့မည်ဆိုသည့် အသိက စိတ်တစ်ခုလုံးကိုလစ်ဟာပူလောင် ပူဆွေးသွားစေသည်...........။

အစာအိမ်ကင်ဆာနောက်ဆုံးအဆင့် ဝေဒနာကို ခံစားနေရသည့် ဘိုးဘိုး အားလက်လျော့လိုက်ဖို့ ဆရာဝန်များက ဆုံးဖြတ်လိုက်ကြပြီ...........။

လူနာရှင်များကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတာ ပါတဲ့လေ..........။
သူတို့ ပြောတော့ လွယ်လိုက်တာ...........။
ဘယ်လိုများ ပြင်ဆင်ထားနိုင်မှာတဲ့လဲ..........။

လူသားတို့ မကိုင်တွယ်နိုင်သည့် သေခြင်းတရား၏အောက်တွင် အရာအားလုံးသည် အရှုံးပေးရမြဲ...........။
ဒီအကြောင်းကိုသိနေသော်လည်း ဘိုးဘိုး၏ခွဲခွါမှုကို နှောင်ကြိုး လက်သင့်မခံနိုင်................။

အတတ်နိုင်ဆုံး မျှော်လင့်ချက်သေးသေးလေးတွေကိုဆုပ်ကိုင်ရင်း နောက်ဆုံးအချိန်ထိ အစွမ်းကုန် ကုသ ဖို့ကြိုးစားခဲ့ပေမယ့် အသက်ရှစ်ဆယ်ကျော်စ ပြုနေပြီဖြစ်သည့် ဘိုးဘိုးကို သေမင်းရဲ့လက်ထဲမှ နှောင်ကြိုးတို့ မကယ်တင်နိုင်တော့ဘူးတဲ့လေ.............။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Where stories live. Discover now