Chapter(22)(U&Z)

1.4K 135 0
                                    

Unicode//

For zawgyi users, please scroll down the page😘😘.

ကာရံညီနှလုံးသားတစ်စုံ၏ချစ်ခြင်းသံဇဉ်

Chapter(22)

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့ကို ရှေးရိုးရာ ဓလေ့တို့ မပျက်အောင်အ ကောင်းဆုံးသော ထိန်းသိမ်းထားမှုတွေနှင့်အတူ ဆင်ယင်ထားသည့် ထိပ်ထား ဟိုတယ်.............။

အဖိုးတန်ကျွန်းသစ်များဖြင့် ဟိုတယ် အဆောက်အဦးတစ်ခု လုံးကို ဆောက်လုပ်ထားပြီး မြန်မာ့ယဉ်ကျေးမှု အမွေနှစ်များဖြင့် ဆင်ယင်ထားသည့် ဟိုတယ်.............။

ဟိုတယ် reception ရှိ ခန့်ညားလှပသည့် သစ်သားပန်းပုရုပ်တုများ ၊ ရှေးခေတ်ဗိသုကာလက်ရာများအတိုင်း ထုဆစ်ထားသည့်ပန်းခက်ပန်းနွယ် ပန်းကနုတ်တို့ ၏ အလှတရား............။
ဟိုတယ်နံရံထက်တွင် လှပတင့်တယ်စွာ နေရာယူထားသည့် မြန်မာ့ယဉ်ကျေးမှုကို ပုံဖော်သည့် ပန်းချီကားချပ်များ၏တင့် တယ်မှုတွေ................။

ခန့်ထည်စွာတည်ရှိနေသည့် တောက်ပြောင်လှပသည့် ပန်းကနုတ်တို့ဖြင့် စီခြယ်ရာ ၊ မြန်မာ့အဖိုးတန် ရတနာများဖြင့် မွမ်းမံရာ စောင်းကောက်နှင့်  လှပ နွဲ့နှောင်းစွာ တီးခတ်နေသည့် မိန်းမပျိုအသွင် ပန်းပုရုပ်ထုကြီး သည်ကား ဟိုတယ်သို့ လာရောက် တည်းခိုကြသည့် နိုင်ငံခြားသားဧည့်သည် အများစုတို့ ၏ စိတ်ဝင်စားမှုအများဆုံးသော အရာများထဲမှ တစ်ခု.................။

ခမ်းနားကာ လှပလွန်းလှသည့် ပြင်ဆင်ခင်းကျင်းမှုများအောက်တွင် လှပ တင့်တယ်စွာ ရှိနေခဲ့သည့် ထိပ်ထားဟိုတယ်၏ ညနေစာ စားပွဲတစ်ခု.............။

ညစာစားပွဲကျင်းပရာ ခန်းမကျယ် ၏ ရှေ့ဆုံးရှိ စင်မြင့်ထက်တွင် မြန်မာ့ ဆိုင်းဝိုင်း တူရိယာများဖြင့် တည်ခင်းထားသည်..............။
အကွက်စေ့အောင်ပြင်ဆင်ထားသည့် ဒီနေ့ရဲ့ ညစာစားပွဲတစ်ခု..............။

အလှည့်ကျရောက်လာချိန်တွင် ဖျော်ဖြေတင်ဆက်နေသည့် မြန်မာ့ ရုပ်သေးပညာရှင်၏ ကျွမ်းကျင်စွာ တင်ဆက်နေသည့် ရုပ်သေးအတတ်ပညာကြောင့် ဧည့်ခံပွဲလာ နိုင်ငံခြားသားတို့ အံ့အားသင့် လျက် အကြည့်တို့ မလွဲနိုင်ကြ.............။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Hikayelerin yaşadığı yer. Şimdi keşfedin