Chapter(1)(U&Z)

4.9K 222 0
                                    

Unicode//

For zawgyi users,please scroll down the page😘😘.

ကာရန်ညီ နှလုံးသားတစ်စုံ၏ချစ်ခြင်းသံစဉ်

Chapter (1)

လူတစ်ရပ်ခန့်ရှိသည့်အုတ်နံရံ ဖြူဖြူ ၊ အုတ်နံရံထက်သို့ တွယ်တက်ကာပေါက်ရောက်နေသည့် စိမ်းစိမ်းစိုစို စံပယ်ပင်နွယ်များနှင့် ဖြူဖြူဖွေးဖွေး စံပယ်ပွင့်လေးများကလှပတင့်တယ်စွာဖြင့်………..။

စံပယ်ပွင့်များနှင့် ခြံစည်းရိုးခတ်ထားသယောင်ဖြစ်နေသည့် ခြံ ဝန်းကြီးအလယ်တွင် အဖြူနှင့် ပန်းရောင် ဆေးသုတ်လိမ်းထားသည့် နှစ်ထပ်တိုက် ကြီးတစ်ခုက  ခန့်ညားတင့်တယ်စွာ ရှိနေသည်…………..။

ခြံဝန်းအတွင်းမှ နှစ်ထပ်တိုက်ကြီးဆီသို့ အသွားလမ်းတစ်လျှောက်ရှိ ခင်းကျင်းထားသည့် ကြွေပြားဖြူဖြူတွေကာ ဖြူဖွေးကာ စင်ကြယ်တောက်ပြောင်လျက်……………။

ကြွေပြားခင်းလမ်းလေး၏ဘေးတစ်ဖက်တစ်ချက်တွင် နှင်းဆီပန်းပင် များ ၊ Kiss me quick ပန်းပင်များ ၊ မလေးရှားအင်ကြင်းပန်းပင်များကို စီရရီ လှပစွာ စိုက်ပျိုးထားရှိပြီး ပန်းပွင့်များမှာ လှပတင့်တယ်စွာ ပွင့်လန်း လျက်ရှိနေသည့်မြင်ကွင်းလေးက ရှုစားတွေ့မြင်ရသူအပေါင်းတို့၏အမြင်အာရုံကို ကြည်နူး လန်းဆန်းစေလေ၏……………။

တရုတ်စကားပွင့်ပင်ကြီးအနားရှိ ခုံတန်းဖြူဖြူလေးတွင် နှောင်ကြိုးထိုင်ရင်း ရွှေသွေး ကာတွန်းရုပ်ပြစာစောင်လေးကို စိတ်ဝင်တစားဖြင့် ဖတ်ရှုနေလိုက်သည်……………။

နှောင်ကြိုးထိုင်နေသည့် နေရာတစ်ဝှိုက်တွင် တရုတ်စကားပွင့် ဖြူဖြူများက ပြန့်ကျဲကာ ကြွေကျလျက်…………….။

လေအဝှေ့တွင် သင်းပျံ့စွာ ပျံ့လွင့်လာလေ့ရှိသည့် ပန်းရနံ့ မွှေး မွှေးလေးတွေက ဤခြံဝန်း အတွင်း ရှိနှောင်ကြိုးအနှစ်သက်ဆုံးရဆုံးအရာ……………။

နောက်ထပ် နှောင်ကြိုးချစ်မြတ်နိုးရသည့် အရာလေးတစ်ခုလည်းရှိသေးသည်…………..။

ညောင်……….။!

ကာတွန်းစာစောင်လေးကိုစိတ်ဝင်တစားဖတ်ရှုနေသည့် နှောင်ကြိုးဘေးနားတွင် အဖော်ပြု ပြီး အပျင်းတစ်ကာ အိပ်စက်နေသည့် နှောင်ကြိုးရဲ့ ချစ်စရာ့ကလေးလေး ရွှေဝါလေ………….။

ကာရံညီ နှလုံးသားတစ်စုံရဲ့ ချစ်ခြင်းသံဇဉ်🌹🌹(Completed)Donde viven las historias. Descúbrelo ahora