[Unicode]
"သတို့သား အိုဆယ်ဟွန်းသည် သတို့သား ဂင်ဂျုံအင်အား ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ "
အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရရင် .. ။
"ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ .. ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ "
ငါက ဒီနေရာမှာ ရှိနေရမယ့်လူမဟုတ်ဘူး ။
"သင့်ရဲ့ သတို့သားအဖြစ်လက်ခံပေးမည်လား "
ဒီကတိကိုငါကလွယ်လွယ်ပေးလိုက်ရတော့မှာလား ။
" ဦး "
ခပ်တိုးတိုးခေါ်လိုက်တဲ့အသံက ဆယ်ဟွန်းရဲ့ပေါက်ကရ အတွေးတွေကိုတိကနည်းဖြတ်ချသည်။
"ဟုတ်ကဲ့ "
"ကျွန်တော် ဂင်ဂျုံအင်သည် .. အိုဆယ်ဟွန်းအား ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ .. ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ .. ကျန်းမာသည်ဖြစ်နေ နာမကျန်းသည်ဖြစ်စေ .. ဘယ်တော့မှမခွဲဘဲ သေသိအထိ တစ်သက်လုံး သစ္စာရှိရှိပေါင်းသင်းသွားမည်ဟု ကတိပြုပါသည် "
•~•
"ကို ရောက်နေပြီလား "
"အင်း ရောက်နေပြီ ဆိုးအာ "
"အိုကေ .. ဆိုးအာ ထွက်ခဲ့ပြီနော် "
ဆိုးအာ ဖုန်းချသွားတော့မှဆယ်ဟွန်း ကားအတွင်းမှ ဖွင့်လက်စ သီချင်းကိုအသံချဲ့လိုက်သည်။သရုပ်ဆောင် တစ်ဖြစ်လဲ အဆိုတော် Jang Nara သီဆိုထားတဲ့ Sweet Dream ဆိုတဲ့ သီချင်းကနှစ်တွေကြာသွားတာတောင်မှ နားထောင်လို့ကောင်းနေဆဲ။
ချိုသာတဲ့အသံဟာ ဆယ်ဟွန်းနားစည်မှဖြတ်ပြီး ရင်တွင်းကိုနွေးထွေးသွားစေသည်။အလယ်တန်းကျောင်းသားဘဝက အဖြစ်အပျက်တွေကိုလည်းသတိရစေသည်။
"ကို စောင့်ရတာ ကြာသွားလား ဆောရီးနော် ဆိုးအာ Duty-off ခါနီးမှ အရေးကြီးကိစ္စလေးပေါ်လာလို့ "
"မကြာပါဘူး .. ကိုယ်စောင့်နိုင်ပါတယ် "
"အဲ့တာဆို ဘယ်ဆိုင်ထိုင်ကြမလဲ "
ဆိုးအာ အလိုကျ သွားမည့်နေရာအတည်ပြုပြီးနောက်ဆယ်ဟွန်းရဲ့ကားလေးကို ဆေးရုံဝင်းအတွင်းကနေ ဖြည်းဖြည်းချင်းမောင်းထွက်ခဲ့လိုက်သည်။
![](https://img.wattpad.com/cover/278343500-288-k799911.jpg)
YOU ARE READING
The One I Hate Becomes Mine