5

935 150 46
                                    

[Unicode]

" သမီး ..စာလာတယ် "

ဆိုးအာ နေ့လည်စာစားပြီး အိမ်ပေါ်တက်မည်ပြင်တော့ မေမေက ဝါကျင့်ကျင့်စာအိတ်လေးကိုလှမ်းပေးလာသည်။ဆိုးအာ မေမေ့ရှေ့မဖောက်ဘဲ အပေါ်ထပ်အခန်းထဲကိုယူခဲ့လိုက်သည်။

ဆိုးအာနာမည်နှင့် အိမ်လိပ်စာဘဲပါသည်။ဘယ်သူပို့တယ်ဆိုတာမပါ။စာအိတ်ကိုဖောက်လိုက်တော့ ထွက်လာသည်က ဓာတ်ပုံတွေ။ကိုနဲ့ ဟိုကောင်လေးဖက်လျှက်ပုံက ၃ပုံ၊ကိုက ထိုကောင်လေးရဲ့မျက်နှာကိုထိန်းကိုင်ပြီး နမ်းနေသည်က ၃ပုံ။

ဟင့်အင်း .. ။မဟုတ်ဘူး။ဒီပုံတွေကအစစ်မဟုတ်လောက်ဘူး။ကိုက သူမကိုသစ္စာဖောက်မယ့် လူမျိုးမဟုတ်တာ သူမသိသည်။သွေးရူးသွေးတန်းနှင့် ဓာတ်ပုံတွေကို သူမဆွဲဖြဲလိုက်သည်။ပြီးရင် မီးရှို့ပစ်ရမည်။သူမနှင့် ကို့ရဲ့ကြား ဘယ်သူမှဝင်ခွင့်မရှိ။

* Ting *

ကုတင်ပေါ်ကမီးလင်းလာတဲ့ဖုန်းကိုယူကြည့်လိုက်တော့ Video file တစ်ခု။လက်နဲ့ထိမိသွားတဲ့ အချိန်မှာ ကောင်လေးကို မက်မက်မောမောနမ်းရှိုက်နေတဲ့ ကို့ကိုတွေ့ရသည်။ပါးပြင်ကိုအုပ်ကိုင်ကာ နမ်းနေပုံက လွတ်ထွက်သွားမှာကိုကြောက်သည့်အလား။ထိုကောင်လေးကလည်း ကို့ရဲ့အင်္ကျီစကိုမဝံ့မရဲဆွဲထားသည်။

ဆိုးအာ Video ကိုချက်ချင်းဖျက်ပစ်လိုက်ပြီး Video ပို့လာတဲ့ သူဆီကိုဖုန်းဆက်လိုက်သည်။ဖုန်းကဒ်အား တပ်ဆင်ထားခြင်းမရှိပါဟုသော စကားကိုသာကြိမ်ဖန်များစွာကြားရသည်။ဘာအကြောင်းကြောင့်သူမဆီကိုလာပို့ရပါသလဲ။ဓာတ်ပုံတွေကရော ဘာကြောင့်လဲ .. ။သူမမေးခွန်းတွေများနေပေမယ့်​ ဖြေပေးမယ့်လူမရှိ။

ဆေးရုံခေါင်မိုးထပ်မှာတွေ့ခဲ့တဲ့ ကောင်လေးကိုပြန်မြင်မိချိန်မှာ သူမ ဆေးရုံသွားဖို့ပြင်လိုက်တော့သည်။လုံလောက်တဲ့ ပိုက်ဆံကိုလည်းထည့်ခဲ့လိုက်သည်။ထိုကောင်လေးကို အကျိုးအကြောင်းမေးပြီး အဝေးကိုထွက်သွားခိုင်းရမည်။သူမနှင့် ကို့ကြားက အမှိုက်မှန်သမျှကို သူမရှင်းထုတ်ရမည်။

ဆေးရုံရောက်တော့ ရင်းနှီးတဲ့သူတစ်ယောက်ကိုအကူအညီတောင်းပြီး ဂင်ထယ်ဆန်းဆိုသူရဲ့အကြောင်းကိုရှာလိုက်သည်။သူဘာရောဂါဖြစ်နေလဲ သူမစိတ်မဝင်စား။သူမစိတ်ဝင်စားတာ လူနာရဲ့ မိသားစုဝင် - ဂင်ဂျုံအင် ဟုရေးထားတဲ့ ၁၈နှစ်အရွယ် ကောင်လေးအကြောင်းကိုသာ။ဖုန်းနံပါတ်ကိုကူးယူခဲ့လိုက်ပြီး လူနာရဲ့အခန်းဆီထွက်ခဲ့လိုက်သည်။

The One I Hate Becomes MineWhere stories live. Discover now