4

913 161 64
                                    

[Unicode]

" ဒီနေ့ စက်ကပျက်နေလို့ ကဒ်နဲ့လက်မခံဘူးဗျ "

ဆယ်ဟွန်း မိမိရှေ့က အရောင်းဝန်ထမ်းလေးကို စိတ်ညစ်စွာကြည့်လိုက်မိသည်။သူကလည်း အိမ်နားတွင်မို့ ကဒ်တစ်ကဒ်ဘဲဆွဲယူလာခဲ့တာပင်။ပိုက်ဆံအိတ်လည်းပါမလာ။

"အဲ့တာဆို Sorry နော် .. ကိုယ်က ကဒ်ဘဲပါလို့ .. နောက်မှပြန်လာခဲ့ပါ့မယ် .. "

" ရပါတယ်ဗျ .. လူကြီးမင်း မုန့်တွေကို ဒီဘက်မှာတင်ခဲ့လို့ရတယ် "

ဆယ်ဟွန်း မုန့်ဗန်းလေးကိုကောင်တာပေါ်တင်ခဲ့လိုက်ပြီး နောက်က တန်းစီနေတဲ့လူတွေအတွက်နေရာဖယ်ပေးလိုက်သည်။

ဆိုင်တံခါးဝက ခြင်းထဲက ထီးအကြည်ရောင်လေးကိုယူကာဆိုင်ထဲကထွက်လိုက်သည်။ရာသီအပြောင်းအလဲမို့ မိုးကတဖွဲဖွဲ။ကော်ဖီနှင့်အတူ ပေါင်မုန့်စားချင်လာသည်မို့ အိမ်နားက ပေါင်မုန့်ဆိုင်ကို လမ်းလျှောက်ပြီးတကူးတကလာမိကာမှဘဲ ဘာမှမဝယ်ခဲ့ရဘဲပြန်လှည့်ခဲ့ရသည်။

" ပါမောက္ခအို .. ခဏလေးဗျ "

နောက်ကနေထွက်လာတဲ့ ရင်းနှီးတဲ့အသံကြောင့် ဆယ်ဟွန်း မျက်မှောင်တို့ကုတ်မိရင်းလှည့်ကြည့်လိုက်တော့ ခါတိုင်းနဲ့မတူ အဝါရောင်တီးရှပ်၊အဖြူရောင် ဒူးလောက်ဘောင်းဘီနှင့် ထိုကောင်လေး။မိုးရွာထဲထီးလည်းမပါဘဲ မုန့်ထုပ်ကိုပိုက်လျှက်ရပ်နေသည်။

ဆယ်ဟွန်းကသာသက်ပြင်းချရင်း ရှေ့ပြန်လှည့်လိုက်ပေမယ့် ထိုကောင်လေးကတော့ ဆယ်ဟွန်း ရှိရာဆီပြေးလာသည်။

*ရွှီး *
" အ   "

လဲကျသံကြားလိုက်သည်မို့ ဆယ်ဟွန်းခြေလှမ်းတို့ကိုရပ်လိုက်မိသည်။အမြဲတမ်း နမော်နမဲ့။မိုးရွာထဲမပြေးသင့်ဘူးဆိုတာ မူလတန်းကလေးတောင်သိသည်။သို့ပေမယ့်လည်း လူတစ်ယောက်လုံး လဲကျနေတာကို ကျောခိုင်းပြီးထွက်သွားဖို့အထိ အသည်းမမာသည်မို့ လဲကျနေတဲ့ ထိုကောင်လေးကိုသွားထူရတော့သည်။

အဖြူရောင်ဂျင်းဘောင်းဘီလေးဟာ ဗွက်တွေပေပြီးမဲညစ်သွားသည်။ဆယ်ဟွန်းလက်ကမ်းပေးတော့ အူကြောင်ကြောင်ရုပ်ဖြင့်ပြန်ကြည့်သည်။ဝိုင်းနေတဲ့ မျက်လုံးနဲ့ လုံးနေတဲ့ နှာတံလေးဟာ ထိုကောင်လေးရဲ့ ငယ်ရွယ်ပြီးချစ်စရာကောင်းမှုကို​ဖော်ပြနေ၏။

The One I Hate Becomes MineDove le storie prendono vita. Scoprilo ora