17

1.2K 173 39
                                    

[Unicode]

" ဂျုံအင် မပြီးသေးဘူးလား .. နောက်ကျနေပြီ "

" ဦးကလည်း တစ်နေ့လုံး အားနေတာပဲဟာ .. ဘာလို့လောနေတာလဲ "

ရေချိုးခန်းထဲကနေ ပြန်အော်တဲ့ ဂျုံအင်ကြောင့် ဆယ်ဟွန်း ဘာမှပြောချင်စိတ်မရှိတော့။ထယ်ဆန်းဆီ နေ့လည်မတိုင်ခင်သွားပါမယ်ဆို ၁၂နာရီထိုးနေပြီ သူကရေချိုးကောင်းတုန်း။

ပထမနှစ်ဝက် ကျောင်းပိတ်သွားပြီမို့ ဆယ်ဟွန်းအားနေတာ မှန်ပေမယ့်လည်း ဆယ်ဟွန်းက အချိန်တိကျမှကြိုက်တာ။

" အေး နေခဲ့လိုက်တော့ "

ဆယ်ဟွန်း တံခါးကိုထုရင်းပြောလိုက်တော့မှ ရေချိုးခန်းတံခါးပွင့်လာပြီး ထွက်လာတော့သည်။ဒါတောင် အင်္ကျီမလဲရသေး။တဘတ်တစ်ထည်နှင့်ထွက်လာတာ။

" ထွက်လာသေးလို့ပဲ "

" ဦး ခေါင်းသုတ်ပေး "

" အင်္ကျီ အရင်ဝတ်လေ "

လက်ထဲကိုင်ထားမိတဲ့ တဘတ်အရှည်တစ်ထည်ကို ဂျုံအင် ကိုယ်ပေါ်လွှမ်းခြုံပေးရင်း ပြောတော့ အိပ်ခန်းထဲပြေးဝင်သွားပြီး အင်္ကျီထုတ်ဝတ်နေလေသည်။ဆယ်ဟွန်းကပဲ အခန်းတံခါးပိတ်ပေးလိုက်ပြီး မနေ့က ​မခြောက်တဲ့ အင်္ကျီတွေကိုထုတ်လှမ်းပေးလိုက်သည်။

ဒီရက်ပိုင်း ရာသီဥတုက မိုးရွာလိုက် နေပူလိုက်ဖြစ်နေတာမို့ ဂင်ဂျုံအင်က အင်္ကျီတွေ ရုတ်ဖို့မေ့ပြီး ပြန်လျှော်ရတာလည်းခဏခဏဖြစ်သည်။ဒီနေ့တော့ နေသာသည်မို့ မြန်မြန်ခြောက်ဖို့မျှော်လင့်မိသည်။

" ဦး "

အခန်းထဲက အသံထွက်လာတော့ ဆယ်ဟွန်း အနောက်ဘက် ဝရန်တာကနေ ထွက်ခဲ့သည်။အခန်းထဲရောက်တော့ သခင်လေးက တီရှပ်တစ်ထည်နှင့် ဘောင်းဘီ ဒူးလောက်တစ်ထည်ကိုလဲဝတ်ထားပြီး ခေါင်းပေါ်တစ်ဘတ်တင်လျှက်သားနှင့် ဆယ်ဟွန်းကိုစောင့်နေလေသည်။

" ရေသုတ်ပေးမယ်ဆို "

" ငါ ပြောမိလို့လား "

" ဦး ကျွန်တော့်ကိုလာနောက်နေတာလား "

ဆယ်ဟွန်းကို ရုပ်တည်ကြီးနှင့် မျက်မှောင်ကုတ်ကာမေးလာတာမို့ ဂျုံအင်မျက်နှာကို တဘတ်နှင့်အုပ်ပစ်လိုက်သည်။

The One I Hate Becomes MineWhere stories live. Discover now