22

1.5K 191 76
                                        

[Unicode]

" ဦး အဆင်ပြေရဲ့လား "

" ငါက ဘာလို့အဆင်မပြေရမှာလဲ .. ထယ်ဆန်းအနားသာ နေပေးလိုက် "

ဂျုံအင်ကို အင်္ကျီတွေကူပြီးထုပ်ပိုးပေးနေတဲ့ ဦးကို ကြည့်ပြီးစိတ်ထဲနေလို့မကောင်း။ဦးငယ် အနားမှာလည်းနေချင်၊ဦးကိုလည်း မထားခဲ့ချင်တာမို့ စိတ်ထဲလွန်ဆွဲလို့နေသည်။

" အကုန်ပါပြီလား .. သွားတိုက်တံ .. မျက်နှာသစ် "

" ကျွန်တော်လေ .. ဦးကို မထားခဲ့ချင်တော့ပြန်ဘူး "

" အဝေးကြီးသွားတာလဲမဟုတ်ဘဲနဲ့ .. "

ဟိုသွားလိုက်၊ဒီသွားလိုက်ဖြင့် ဦးက အလုပ်ရှုပ်နေလေသည်။ဦးရဲ့မျက်နှာကခါတိုင်းလို ကြည်လင်မနေ။ခါတိုင်းလည်း အရယ်အပြုံးမရှိ တည်နေတာဆိုပေမယ့် ခုလိုမဟုတ်ပါ။

" ဦး "

" ဟင် "

" ကျွန်တော့်ဆီ ခဏလာ "

ဂျုံအင်ခေါ်တော့ ဦးက ကုတင်နားကိုတိုးကပ်လာသည်။ဂျုံအင်က ကုတင်အစွန်းမှာထိုင်နေပြီး ဦးကတော့ ဂျုံအင်ဘေးမှာလာရပ်သည်။ဦးက သူ့မျက်နှာကိုမကြည့်၊ဘေးကိုသာ ငေးနေလေသည်။

" ကျွန်တော့်ကို ကြည့် "

" ဘာလုပ်မလို့လဲ .. ငါမအားသေးဘူး "

" ဦး အားပါတယ် ကျောင်းပိတ်ထားတာ ဘာမှလုပ်စရာမရှိဘူးလေ "

" ငါလုပ်စရာရှိ .. "

" ဦး "

သူ ကြားဖြတ်ခေါ်လိုက်တော့ ဦးက သူ့ကို ငုံ့ကြည့်သည်။ခုနက ဦးနဲ့သူ အနီးကပ်ဆုံးလို့ခံစားခဲ့ရသည်။ဂျုံအင် မျက်နှာနားကိုငုံ့ချလာတဲ့ ဦးရဲ့အနမ်းတွေကို သူခံစားရတော့မှာ။ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။

" ကျွန်တော့်ကိုချစ်လားဟင် "

" ငါမပြောတတ်ဘူး "

ဦးက သူ့အကြည့်တွေကိုရှောင်လွှဲသွားပြန်ပါသည်။ဦးရဲ့ ခါးကိုလှမ်းဖက်ရင်း ဦးမျက်နှာလေးကိုလိုက်ကြည့်နေမိသည်။ဦးအတွက် ခက်ခဲနေမယ်ဆိုတာ ဂျုံအင်သိသည်။အချိန်ယူရဦးမှာပေါ့။

The One I Hate Becomes MineWhere stories live. Discover now