[Unicode]
" ဂင်ဂျုံအင် မင်းဘာတွေလုပ်ဖို့စဥ်းစားနေတာလဲ "
ဆောင်ဝူးရဲ့ခပ်ကျယ်ကျယ်အော်သံကြောင့် ဂျုံအင်ဖုန်းကိုနားနှင့်ခွာလိုက်မိသည်။မနက်၂နာရီဆိုတဲ့အချိန်က အရာအားလုံးတိတ်ဆိတ်နေသည်။ဝရန်တာမှာရပ်နေတာမို့ ရှူထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေက အေးစိမ့်တဲ့လေပြေနှင့်အတူ ရောပါလျှက်ရှိသည်။
" ပြန်စဥ်းစားစမ်းပါ .. အဲ့ကိစ္စကိုအရမ်းလွယ်တယ်ထင်နေလား .. အိုဆယ်ဟွန်းကရော ခွင့်ပြုတယ်လား "
" ဦးကို မပြောရသေးဘူး "
" အိုဆယ်ဟွန်းကို အကျိုးအကြောင်းပြောကြည့်ပါဦး "
ဂျုံအင်ဘက် အမြဲပါတတ်တဲ့ ဆောင်ဝူးကတောင် ခုချိန်မှာတော့ ပြေရာပြေကြောင်းပြောပြီးဖုန်းချသွားသည်။ဆေးလိပ်တိုကို ပြာခွက်ထဲထိုးချေလိုက်ပြီး စိတ်ရှုပ်လွန်းတာမို့ ဆံပင်တွေကိုဆွဲဖွာပစ်လိုက်သည်။
" ကျွန်တော် ဘယ်လိုလုပ်ရမလဲ "
ထိုင်ခုံမှာထိုင်ချလိုက်တာနှင့် အတွေးတွေက အလုံးအရင်းဝင်လာသည်။ဦးနဲ့ မတူညီတဲ့ မိန်းမတွေပါတဲ့ အိပ်မက်တွေကို သူကြောက်နေပြီ။အိပ်မက်တိုင်းဟာ ကလေးလေးတွေပါနေတာမို့ ဂျုံအင် ပိုကြောက်နေခြင်း။ဦးအတွက် ကလေးလေးတွေကို ဂျုံအင်မမွေးပေးနိုင်ဘူးလေ။
ဆေးရုံမှာဆေးစစ်ကြည့်ပြီး ကိုယ်ဝန်ဆောင်လို့ရနိုင်မလား မေးကြည့်ချင်တာမို့ ဆောင်ဝူးကိုအဖော်စပ်တော့ ဆောင်ဝူးက လက်မခံချင်။
" ဂျုံအင် ဒီမှာ ဘာလုပ်နေတာလဲ "
* ဝါးး *
အိပ်ချင်မူးတူးအသံနှင့်အတူ သမ်းဝေသံကြောင့် ဂျုံအင် ထိုင်ခုံကနေ ထရပ်လိုက်သည်။ဦးက ဂျုံအင်ကိုမေးလာပေမယ့် မျက်လုံးတွေက မပွင့်ချင်။
" တစ်ရေးနိုးနေလို့ "
" အင်း .. လာ ပြန်အိပ်ရအောင် ကိုယ်ချော့သိပ်မယ် "
ဂျုံအင်လက်ကိုဆွဲပြီး အိပ်ခန်းထဲပြန်ခေါ်ကာ ဦးက ရင်ခွင်ထဲအိပ်စေသည်။တစ်ဆက်တည်းမှာပဲ ကျောပြင်မှာ ပွတ်သပ်နေတဲ့ လက်ရဲ့နွေးထွေးတဲ့အထိအတွေ့ကိုခံစားရသည်။
![](https://img.wattpad.com/cover/278343500-288-k799911.jpg)
ŞİMDİ OKUDUĞUN
The One I Hate Becomes Mine