23

1.5K 187 51
                                    

[Unicode]

" မင်းဘက်က အရင်ဆက်သွယ်ကြည့်လိုက်လေ "

" ဟင့်အင်း "

သူပြောတာကို နားမထောင်ဘဲ ဇွတ်ငြင်းနေတဲ့ ဂျုံအင်ကြောင့် ဆောင်ဝူးစိတ်မကောင်း။ခေါင်းကိုလည်းနာနာလေးခေါက်ပစ်ချင်မိသည်။ပိုင်ဆိုင်ချင်လို့ အကုန်လုပ်လာခဲ့ပြီးပြီ။အချစ်ခံရဖို့လည်း နီးစပ်နေ​ပြီကို ဟိုက စပြီးမဆက်သွယ်လို့ သူကလည်းမဆက်သွယ်ချင်ပါဘူးတဲ့။

" မင်းဒီလိုတင်းခံနေတော့ ဘာရမှာမို့လို့လဲ ဟမ် "

" မင်းမသိပါဘူး .. ဦးက ငါမရှိရင် အဆင်ပြေနေတာလေ .. ငါအထင်တွေမှားခဲ့တာ ဦးကငါ့ကိုချစ်တော့မယ်ဆိုပြီး "

ဘီယာဘူးကို ခုံပေါ်ပစ်ချပြီး ​ငိုချတော့မတတ်ပြောလာလေသည်။ဂျုံအင်က ခဏလောက်လာခဲ့ဖို့ စာပို့ကတည်းက တစ်ခုခုဖြစ်နေပြီဆိုတာသိသည်။ခုလို အိုဆယ်ဟွန်းက အဆက်အသွယ်ဖြတ်ထားတယ်လို့တော့မထင်ထား။အရင်လတွေက မျက်စိအောက်ကအပျောက်မခံဘဲကို ချစ်နေတာလေ။ဒီတစ်ခါတော့ ဆောင်ဝူး မနှစ်သိမ့်တော့ဘူး။အိုဆယ်ဟွန်းက တကယ်ချစ်မနေရင် ဂျုံအင်ကို မျှော်လင့်ချက်ပေးသလိုဖြစ်မှာကြောက်မိသည်။

" ငါမှားများမှားခဲ့ပြီလားဟင် .. ဦးကိုအတင်းလက်ထပ်ယူမိတာ "

" အဲ့လိုမပြောပါနဲ့ကွာ "

ငိုချလာတဲ့အခါမှာတော့ ဂျုံအင်ကိုဆွဲခေါ်ကာ ဖက်ထားလိုက်သည်။ဂျုံအင် နာကျင်နေတော့ ဆောင်ဝူးနေလို့ကိုမရ။သူ အရိပ်တကြည့်ကြည့်နဲ့ချစ်ခဲ့ရတဲ့ ညီလေးလေ။ဆောင်ဝူးသာ မကူညီပေးခဲ့ရင်ဆိုတဲ့ အတွေးတွေကြောင့် ခေါင်းကိုအလေးတုံးနဲ့ဖိထားသလိုလေးလံနေသည်။

" ငါ ဦးကို မလွှတ်ပေးချင်ဘူး .. "

သူ့ရင်ခွင်ထဲ ငိုရင်း တဖြည်းဖြည်းငြိမ်ကျသွားတဲ့ ဂျုံအင်ကို ဆေးရုံခန်းထဲသေချာတွဲကာ ပို့ပေးခဲ့လိုက်ပါသည်။မခြောက်သေးတဲ့ မျက်ရည်တွေကိုပွတ်သုတ်ပေးရင်း ဆံပင်တွေကိုပါ သပ်တင်ပေးမိသည်။

ဆောင်ဝူး တစ်ဘဝလုံးစိတ်ညစ်ရမယ်ဆိုရင်တောင် ပျော်ရွှင်မှုတွေအကုန် ဒီညီလေးကိုပဲပေးချင်ခဲ့တာ။အိုဆယ်ဟွန်း​ကြောင့် ရယ်မောပျော်ရွှင်နေတဲ့ ဂင်ဂျုံအင်ကို ပြန်ရဖို့ သူဘာတွေလုပ်ရမလဲ။

The One I Hate Becomes MineDove le storie prendono vita. Scoprilo ora