3

1K 156 59
                                        

[Unicode]

"ပါမောက္ခအို "

နာမည်ခေါ်သံတိုးတိုးကြားလိုက်တာမို့ မော့ကြည့်မိတော့ ပါမောက္ခပတ်ရဲ့သား။ဆယ်ဟွန်းကိုပြုံးပြနေသည်။

"ဘာကိစ္စရှိလို့လဲ "

" ဒီမှာ "

လက်ညှိုးထိုးပြတဲ့ဆီ ကြည့်လိုက်တော့ တံတောင်တစ်လျှောက် ပွန်းရာတွေ။ဆယ်ဟွန်းအလျင်အမြန်ဆွဲယူကြည့်လိုက်တော့ နာသွားသည့်ပုံဖြင့် အ ဟုအသံထွက်လာလေသည်။

"ငါ့ကြောင့်ဖြစ်တာလား မဟုတ်ဘူး လာ .. ဆေးထည့််ရအောင် "

ဆယ်ဟွန်းမေးမိပြီးမှ ဘယ်သူ့ကြောင့်ဖြစ်ဖြစ်ဆေးကတော့ထည့်မှရမည်မို့ ကျောင်းထဲကဆေးခန်းဆီခေါ်ခဲ့လိုက်သည်။ဟိုနေ့က သွေးထွက်မထွက်ဘဲကြည့်မိပြီးတခြားဒဏ်ရာတွေမစစ်ဆေးမိသည်မို့ ဆယ်ဟွန်းအမှားလည်းဖြစ်နိုင်သည်။

ဆေးခန်းထဲဝင်သွားလိုက်တော့ ဆရာမကရှိမနေ။နေ့လည်ထမင်းစားချိန်မို့မရှိတာဖြစ်မည်။ကိုယ်တိုင်ဘဲ အရက်ပြန်၊ဂွမ်းနဲ့ ပတ်တီးတွေယူချလာရသည်။မြန်မြန်ပြီး မြန်မြန်အေး။

"ထိုင်လေ "

ဆယ်ဟွန်းပြောတော့ ဘယ်မှာထိုင်ရမှန်းမသိပုံဖြင့် အူတူတူလုပ်နေလေသည်။ဆယ်ဟွန်းက ကျောင်းသားတွေအပေါ်၊မိသားစုအပေါ်ဆိုတော်တော်စိတ်ရှည်တတ်တဲ့သူပင်။ဒီကောင်လေးကျမှ စိတ်မရှည်နေတာဖြစ်သည်။လက်ကိုဆွဲဆောင့်ပြီးကုတင်ပေါ်ထိုင်စေလိုက်သည်။ပြီးမှ ခုံတစ်ခုံဆွဲယူပြီး ဆယ်ဟွန်းကဘေးမှာထိုင်လိုက်သည်။

အရက်ပြန်နဲ့ ပွတ်သုတ်ပေးတော့ တစ်ချက်မအော်။ဆေးထည့်ပြီး လက်ကိုပတ်တီးစည်းပေးလိုက်တော့သည်။

"ရပြီ .. ဘယ်နားဒဏ်ရာရှိသေးလဲ "

ထိုကောင်လေးမဖြေခင်ဆယ်ဟွန်း ကျန်တစ်ဖက်ကိုဆွဲယူပြီး ကြည့်လိုက်သည်။ဒဏ်ရာတော့မရှိ။သို့ပေမယ့် အမာရွတ်တစ်ချို့ကိုတော့တွေ့ရသည်။ဘာကြောင့်ဖြစ်လဲစိတ်ဝင်စားမနေတော့ဘဲ ပြန်လွှတ်ပေးလိုက်သည်။

"ကျေးဇူးပါ ဦး .. "

ရုတ်တရက်သုံးနှုန်းလာသည့်အသုံးအနှုန်းကြောင့် ဆယ်ဟွန်းမျက်မှောင်ကုတ်လိုက်မိသည်။ဒီကောင်လေးကတော့ မလေးမစား။

The One I Hate Becomes MineDonde viven las historias. Descúbrelo ahora