12

985 152 56
                                    

[Unicode]

" အခုကစပြီးငြိမ်ငြိမ်နေ "

ပွေ့ချီထားရာကနေ ကုတင်ပေါ်ကိုချပေးရင်း အမိန့်ပေးထားလိုက်သည်။အေးအေးဆေးဆေး နေချင်တဲ့ ဆယ်ဟွန်းမှာ အလုပ်တွေကရှုပ်လာပြီ။ကိုယ်တစ်ယောက်တည်းဆို စားချင်မှစားမယ့် မနက်စာ၊နေ့လည်စာ၊ညစာတွေပြင်ရတော့သည်။

နေ့တိုင်း ဆိုင်ကမှာစားနေရအောင်ထိလည်း ဆယ်ဟွန်းမချမ်းသာပေ။တော်သေးသည်က ဘယ်လိုအရသာရှိမလဲမသိပေမယ့် ဟင်းရုပ်ထွက်အောင် တော့ ဆယ်ဟွန်းချက်တတ်သည်။ဆယ်ဟွန်းကတော့ ကိုယ်ချက်တာကိုယ်ဘယ်တော့မှမစား။ဂင်ဂျုံအင်ကိုသာကျွေးပစ်သည်။

" ဦး "

" ဦး "

ဆယ်ဟွန်း အမုန်းဆုံးကထိုခေါ်သံတွေပင်။ဘယ်က အငြိုးတွေနဲ့ ရွဲ့ပြီးခိုင်းနေလဲမသိ။ဆယ်ဟွန်းလည်း သူ့အပေါ် ဘာလွန်တာမှလည်းမလုပ်ထားမိပါ။သူကသာ ဆယ်ဟွန်းဘဝကိုတစ်စစီဖြစ်အောင် ဖျက်စီးထားတာဖြစ်သည်။

" ဦး "

တဖက်အခန်းဆီမှ ခပ်ကျယ်ကျယ်ထွက်လာတဲ့ အသံကြောင့် ဆယ်ဟွန်း ရေးလက်စစာကိုရပ်လိုက်ပြီး အခန်းထဲကနေထွက်ခဲ့ရသည်။

" ဘာလဲ "

" ဟို ရေကုန်သွားလို့ "

ခဏခဏဖြည့်ပေးနေရမှာစိုးလို့ ရေကရားနှင့်အပြည့်ထည့်ပေးထားတဲ့ရေတွေကမရှိတော့။သွန်များပစ်လိုက်လားမသိ။

" မင်း သွန်ပစ်လိုက်တာလား ဟမ် "

" မဟုတ်ပါဘူး .. ဦးကလည်းသွန်စရာလား သောက်ပစ်လိုက်တာပေါ့လို့ "

" ရေတွေအများကြီးသောက်ပြီး အိမ်သာသွားချင်ရင် ငါ့ပဲ အလုပ်ပေး "

" ဦးကလည်း အဒေါ်ကြီးတွေလို ဆူပဲဆူနေတော့တာဘဲ "

" ​မင်းခြေထောက်ကိုငါချိုးလိုက်တာလား မင်းဘာသာဖြစ်တာလား "

" ဟုတ်ပါပြီ ကျွန်တော်မှားတယ် "

လက်မြောက်ပြပြီး တိတ်သွားတဲ့ ဂင်ဂျုံအင်ကို ဘာမှဆက်မပြောတော့ဘဲ ရေသာဖြည့်လိုက်သည်။ရေကရားကို ကုတင်ဘေးကခုံပေါ်တင်ပေးတော့ ကုတင်ပေါ်ထိုင်နေတဲ့ ဂျုံအင်က ဆယ်ဟွန်းကိုကြည့်လာသည်။

The One I Hate Becomes MineDonde viven las historias. Descúbrelo ahora